ကနေဒါနိုုင်ငံ၏ အမြင့်ဆုံး ပညာသင်ဆု မြန်မာကျောင်းသား ရရှိ

alt

၂၀၀၉ စာသင်နှစ်တွင် ပထမဆုံး ပေးအပ်သော ကနေဒါ နိုင်ငံမှ အမြင့်ဆုံး ပညာသင်ဆု ဖြစ်သည့် ဗန်ညေ ကနေဒါ ဘွဲ့လွန် စကောလားရှစ် (Vanier Canada Graduate Scholarship)

အား မြန်မာ ကျောင်းသား ကို စိုင်းစိုးဝင်းလတ် မှ ရရှိသွားကြောင်း သိရှိ ရသည်။

အထက်ပါ စကောလားရှစ် သည် ကနေဒါ နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျှက် ရှိသော နိုင်ငံတကာမှ ကမာ္ဘ့အဆင့်မှီ PhD ကျောင်းသားများအား ဆွဲဆောင်ရန် ဖန်တီးထားခြင်း ဖြစ်ကြောင်း ဗန်ညေ အင်တာနက် စာမျက်နှာ အဖွင့်တွင် ဖေါ်ပြထားသည်။

၂၀၀၉ ခုနှစ် ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် စတင် ချီးမြင့်သည့် ဗန်ညေ ပညာသင်ဆုသည် ခေါင်းဆောင်မှုနှင့် ပညာရေးတွင် ထူးချွန်သည့် ထိပ်တန်း ကျောင်းသားများအား ကူညီသွားရန် တနှစ် ဒေါ်လာ ငါးသောင်းဖြင့် သုံးနှစ်စာ အတွက် ဒေါ်လာ တစ်သိန်းခွဲ ပေးအပ်သွားမည် ဖြစ်သည်။

ရင်းနှီး မတည်ငွေ ဒေါ်လာ၂၅ သန်းဖြင့် အဆိုပါ ပညာသင်ဆုအား တနှစ်လျှင် လူ ၅၀၀ အထိ ပေးသွားမည် ဖြစ်ကြောင်း ဗန်ညေ စာမျက်နှာတွင် ဆက်လက် ဖော်ပြထားသည်။ ပညာသင်ဆုနှင့် ပတ်သက်ပြီး ဆုရရှိသူ ကိုစိုင်းစိုးဝင်းလတ်က

ဒီတခုက တခြား စကောလားရှစ်တွေနဲ့ ကွာပါတယ်။ တခြား စကောလားရှစ်တွေ ဆိုုရင် ကနေဒါ နိုင်ငံသားတို့၊ ဒါမှမဟုုတ်ရင် အခြေချ နေထိုင်ခွင့် ရထားတဲ့ လူတွေမှပဲ လျှောက်လို့ ရတယ်။ ဒီတခုကတော့ ကနေဒါ နိုင်ငံ က တက္ကသိုလ် တခုခုမှာ တက်နေတဲ့ PhD ကျောင်းသား တိုင်း လျှောက်လို့ ရပါတယ်!

ဟု ဆိုသည်။

ကိုစိုင်းစိုးဝင်းလတ် သည် ကနေဒါနိုုင်ငံ ဘာနာဘေးမြို့ရှိ ဆိုင်မွန်ဖရေဇာ တက္ကသိုုလ် (Simon Fraser University) တွင် ပထဝီ ဘာသာ အဓိကဖြင့် PhD တက်နေသူ ဖြစ်ပြီး ယခင် မဟာဝိဇ္ဖာ တက်စဉ် ကလည်း ကနေဒါ နိုင်ငံ ၏ လူမှုရေးသိပ္ဗံ သုတေသန ကောင်စီ မှ ပေးသည့် အလားတူ ပညာသင်ဆု ကို ရရှိခဲ့သူ ဖြစ်သည်။

မြန်မာ ပြည်တွင်းရှိ ကျောင်းသားများနှင့် ၀င်ခွင့် မရသေးသူများနှင့် ပတ်သက်၍ ကိုစိုင််းစိုးးဝင်းလတ်က

အခု၀င်ခွင့်မရသေးဘူး ဆိုုရင်လည်း ကြိုးစားချင်ရင် နည်းလမ်း ရှိပါတယ်။ ကိုယ်တက်ချင်တဲ့ ကျောင်းက ဆရာ တယောက်ယောက် နဲ့ အရင် ချိတ်ဆက်ပြီး အကျိုးအကြောင်း ရှင်းပြ မေးထားပါ။ ဒီကျောင်းမှာ လျှောက်မဲ့ အကြောင်း၊ ပြီးတော့ ဒီ စကောလားရှစ် ကို လျှောက်ချင်တဲ့ အကြာင်း စသဖြင့်ပေါ့။ ဒီကြားထဲမှာ သူ့ဆီက ထောက်ခံစာရရင် ကျောင်းဝင်ခွင့် ရော စကားလားရှစ် အတွက်ရော လျှောက်ထား လို့ ရှိရင် ဖြစ်နိုင်ချေ များ ပါတယ်။ တခုပဲ ရှိတာက ဒီစကောလားရှစ် က တခြား စကောလားရှစ်တွေ နဲ့ စာရင် ပိုပြီး competitive ဖြစ် ( ပြိုင်ဆိုင်မှုများ ) တဲ့အတွက် သူ့ရဲ့ စည်းကမ်း ကို အရင် အသေးစိပ် လေ့လာ စေချင်တယ်၊ ခေါင်းစဉ် ဘယ်နေရာမှာ တပ်၊ စာမျက်နှာ နံပါတ် ဘယ်ကစ ဆိုတာက အစ အရမ်း သတိထားဖို့ လိုပါတယ်

ယခု ပထမဆုံးအကြိမ် အတွက် စကောလားရှစ် ချီးမြှင့် ခံရသော ကျောင်းသား စုစုပေါင်း ၁၆၆ ဦးကို လူမှုရေးသိပ္ပံ၊ သဘာဝသိပ္ပံနှင့် ကျန်းမာရေး ဆိုင်ရာပညာရပ်တို့မှ ရွေးချယ်တာဖြစ်ပြီး ကိုစိုင်းစိုးဝင်းလတ်သည် လူမှုရေးသိပ္ပံ ဘာသာရပ်ဖက်မှ ရွေးချယ်ခံရသည့် ကျောင်းသား ၅၅ ဦး အနက် တဦး အပါအဝင် ဖြစ်သည်ဟု သိရှိရသည်။

ကနေဒါနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဂဲရီ ဂွတ်ယားက စကောလားရှစ် ရရှိသူများသည် ကမာ္ဘ့ထိပ်တန်း PhD ကျောင်းသားများ ဖြစ်ပြီး မျိုးဆက်သစ် သုတေသီများ၊ ပရော်ဖက်ဆာ များနှင့် စီးပွားရေး ခေါင်းဆောင် ပညာရှင်များ ဖြစ်ကြောင်း၊ ကနေဒါနှင့် အခြား တိုင်းပြည်များ၏ စီးပွားရေးနှင့် လူမှုရေးရာပညာရပ် နယ်ပယ် တို့တွင် တာဝန်ထမ်းဆောင်မည့် လူများဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုလိုက်သည်။

ဒီ ပညာသင်ဆု အတွက် ၂၀၁၀ ပညာသင်နှစ် လျှောက်လွာများကိုု ယခု လက်ခံနေပြီ ဖြစ်ပြီး ဗန်ညေ စကောလားရှစ် နှင့် ပတ်သက်သည့် သတင်းများကိုု အောက်ဖေါ်ပြပါ အင်တာနက်စာ မျက်နှာများတွင် လည်းကောင်း၊ Facebook နှင့် Twitter ဆိုရှယ်နက်ဝပ် များမှ တဆင့်လည်းကောင်း ရရှိနိုင်ကာ၊ အသေးစိပ် သိလိုသူများ ကိုစိုင်းစိုးဝင်းလတ် ([email protected]) မှ တဆင့် မေးမြန်းနိုင်သည်ဟု သိရှိရသည်။

သတင်း – မစပါယ်သက်

 

အင်တာနက်စာမျက်နှာ


Twitter


Facebook


LEAVE A REPLY

Please enter your comment!
Please enter your name here