အိန္ဒိယ အစိုးရ ဖမ်းဆီးထားသည့် UAE လေယာဉ် ပြန်လည် ထွက်ခွာ

alt

လက်နက်များ တင်ဆောင် လာသဖြင့် အိနိ္ဒယ အစိုးရက ကြားဖြတ် ဖမ်းဆီးထားသည့် UAE နိုင်ငံပိုင် လေယာဉ်သည် စက်တင်ဘာ လ (၁၀)ရက် နေ့တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ထို လေယာဉ်သည် စက်တင်ဘာလ (၆)ရက် နေ့က ကာလကတ္တား မြို့သို့ ဆီဖြည့်ရန် ခေတ္တ ဆင်းသက်စဉ် ဖောက်ခွဲရေး ပစ္စည်းများနှင့် လက်နက်များ ကုန်တင်ခန်း အတွင်း သယ်ဆောင် လာသည်ကို တွေ့ရှိပြီး နောက် လေယာဉ် အမှုထမ်း (၉)ဦးတို့မှာ ထိန်းသိမ်း ခံထားရခြင်း ဖြစ်သည်။

အိန္ဒိယ အာဏာပိုင် များက အဆိုပါ လက်နက်များသည် တရုတ်နိုင်ငံသို့ သယ်ဆောင်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်ပြီး UAE ၏ လက်နက်တင်ပို့ ရောင်းချမှု စီမံကိန်း တခုဟု ယူဆကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ထိုလေယာဉ်သည် လက်နက်များ သယ်ဆောင် လာသော်လည်း အိနိ္ဒယ၏ အချုပ်အခြာ အာဏာကို ထိပါး လာစရာမရှိကြောင်း အတည်ပြုခဲ့သည်။ အိန္ဒိယ ပြည်ပ ဆက်ဆံရေး ၀န်ကြီးဌာနသည် UAE အစိုးရ တာဝန် ရှိသူများနှင့် အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်ပြီး နောက်တွင် ကာလကတ္တား လေဆိပ်အတွင်း သီးသန့် ခွဲထားသည့် လေယာဉ်အား ပျံသန်းခွင် ့ပြုခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here