၀၉/၀၉/၀၉ နေ့တွင် တရုတ်နိုင်ငံ၌ စုံတွဲများစွာ အုံးအုံးကြွက်ကြွက် မင်္ဂလာဆောင်

alt

တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တော်တွင် စက်တင်ဘာလ (၉)ရက်နေ့က စုံတွဲပေါင်း (၁၈၉၇၉)တွဲ မင်္ဂလာဆောင် ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရှိရသည်။

စက်တင်ဘာလ (၉)ရက် နေ့သည် အတိုကောက် အားဖြင့် (၀၉.၀၉.၀၉) ဟု ရေးသားနိုင်ပြီး တရုတ်ရိုးရာ အယူအဆအရ (၉)ဂဏန်း သည် အရှည် တည်တံ့ခြင်းကို ကိုယ်စား ပြုသဖြင့် ထိုနေ့တွင် အမှတ်တရ မင်္ဂလာဆောင် ကြခြင်းဖြစ်သည်။

စုံတွဲ များက ယခုကဲ့သို့ (၉)သုံးလုံး စုဆုံသည့် နေ့တွင် လက်ထပ်မင်္ဂလာ ပြုခြင်းဖြင့် ၎င်းတို့၏ အိမ်ထောင်ရေးသည် ထာဝရ သာယာ တည်မြဲ နေမည်ဟု ယုံကြည် ကြသည်။

တရုတ် လူမျိုးတို့သည် ကိန်းဂဏန်းကို ယုံကြည်လေ့ ရှိပြီး တရုတ် အစဉ်အလာအရ ချမ်းသာ ကြွယ်ဝခြင်းကို ကိုယ်စားပြုသည့် (၈)သုံးလုံး စုဆုံရာ (၂၀၀၈)ခုနှစ်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တော်လှန်ရေးတရပ် ဖြစ်ပွားသည့် ဩဂုတ်လ (၈)ရက်နေ့ (၀၈.၀၈.၀၈) တွင်လည်း စုံတွဲပေါင်း (၁၅၆၄၆)တွဲ ဘေဂျင်းတွင် မင်္ဂလာဆောင် ခဲ့သေးသည်။

သို့သော် ယခုနှစ် ပမာဏ မှာမူ တနေ့တည်းတွင် လက်ထပ် မင်္ဂလာပြုသူ အရေအတွက်မှာ ဘေဂျင်းတွင် စံချိန်တင် သွားကြောင်း သိရှိရပြီး၊ ထို့အပြင် တရုတ်ပြည်ရှိ အခြား မြို့ကြီးများတွင်လည်း စုံတွဲ အရေအတွက် ထောင်ပေါင်းများစွာ မင်္ဂလာဆောင် ခဲ့ကြကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here