မက္ကစီကို ခရီးသည်တင် လေယာဉ် ပြန်ပေးဆွဲမှု တရားခံအား ချက်ခြင်းလက်ရ ဖမ်းဆီး

alt

မက္ကစီကို နိုင်ငံပိုင် ခရီးသည် တင် လေယာဉ်အား ပြန်ပေး ဆွဲခဲ့သူကို ရဲတပ်ဖွဲ့ က ၀င်ရောက် ဖမ်းဆီး ပြီးနောက် ခရီးသည်များ ထိခိုက် ဒဏ်ရာ ရမှု မရှိဘဲ လေယာဉ်ကို ပြန်လည် ကယ်တင် နိုင်ခဲ့ ကြောင်း သိရှိရသည်။

စက်တင်ဘာ (၉)ရက် နေ့က မက္ကဆီကိုနိုင်ငံ ကန်ကုံးမှ စတင် ပျံသန်းလာသည့် လေယာဉ်ပေါ်တွင် အသက် (၄၄)နှစ် အရွယ် ဟိုဆေးမာ ဖလိုရက် ပယ်ရေးရာ က ဗုံး ပါလာသည်ဟု ခြိမ်းခြောက် ခဲ့သဖြင့် လေယာဉ်မှူးက မက္ကစီကို စီးတီးလေဆိပ်တွင် အရေးပေါ် ဆင်းသက် ခဲ့ရသည်။

တနာရီကျော် ကြာပြီးနောက် အထူး ရဲတပ်ဖွဲ့များက လေယာဉ်အား ၀င်ရောက် စီးနင်းခဲ့ရာ သွေးထွက်သံယို လုံးဝ မရှိဘဲ ဖလောရက် အား ဖမ်းဆီး နိုင်ခဲ့သည်။ ဖလောရက်သည် ဘိုလီးဗီးယားတွင် မွေးဖွားခဲ့သည့် မက္ကစီကိုတွင် လက်ရှိ နေထိုင်သူ တဦးဖြစ်ပြီး ၎င်း၏ ဗုံးဆိုသော အရာမှာလည်း အအေးဘူး တခုသာ ဖြစ်ကြောင်း တွေ့ရှိရသည်။

ဖလောရက်သည် စိတ်မူမမှန်သူ တဦးဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ယူဆနေပြီး ၎င်းသည် အအေးဗူး တဖက်၊ သမ္မာကျမ်း စာအုပ်တဖက် ကိုင်ကာ လေယာဉ်ပေါ်တွင် ခြိမ်းခြောက်နေခဲ့ခြင်း ဖြစ်သည်။

ဖလောရက် ကမူ စက်တင်ဘာလ (၉)ရက် နေ့သည် (၀၉.၀၉.၀၉) ဖြစ်၍ (999) ဟု သတ်မှတ် နိုင်ကြောင်း၊ ထိုအရာသည် စေတန် နတ်ဆိုး၏ သင်္ကေတဖြစ်သည့် (666) နှင့် အထက်အောက် ပြောင်းပြန် ဖြစ်နေကြောင်း၊ ထို့ကြောင့် ဘုရားသခင်သည် ကမာ္ဘမြေသို့ ပြန်ကြွလာမည်မှာ သေချာကြောင်း သတင်းထောက် များအား သောင်စဉ် ရေမရ ပြောဆိုနေခဲ့ကြောင်း။

မက္ကစီကို ပြည်ထောင်စု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဖလောရက်သည် ထင်ပေါ် ကျော်ကြားလိုသော စိတ်ရောဂါ တမျိုး စွဲကပ် နေနိုင်ပြီး ဘာသာရေးကို တဖက်စွန်းရောက် ယုံကြည်နေသည်ဟု ယူဆရကြောင်း ဝေဖန်သုံးသပ် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here