မန်ယူ ကစားသမား ဘဝကို မိုက်ကယ်အိုဝင် ကျေနပ်နေ

alt

မန်ချက်စတာ ယူနိုက်တက် ဘောလုံးသမား ဘဝကို ကျေနပ် ပျော်ရွှင်မိကြောင်း မိုက်ကယ်အိုဝင်က ထုတ်ဖော် ပြောဆိုလိုက်သည်။

အသင်းတွင် ရှိနေသော အရည်အသွေးမြင့် ဘောလုံးသမား များကြောင့် မိမိ အနေနှင့် အကောင်းဆုံး အားထုတ် နိုင်မည်ဟု ယုံကြည်မှု အပြည့်ရှိပြီး ထို အနေအထား အတွက်လည်း ဂုဏ်ယူမိကြောင်း အသက် (၂၉)နှစ်ရှိ တိုက်စစ်မှူးက ဆိုသည်။

အိုဝင် သည် လီဗာပူးနှင့် ရီးရဲလ်မက်ဒရစ် တို့တွင် လျှမ်းလျှမ်းတောက် ကျော်ကြား ခဲ့သော်လည်း နယူးကာဆယ် ယူနိုက်တက်သို့ ရောက်ရှိချိန်တွင် ဒဏ်ရာများနှင့် ရုန်းကန်ရင်း ခြေစွမ်း အနိမ့်ပိုင်းသို့ ကျဆင်း ခဲ့ရသည်။ ထိုစဉ် ပရိသတ်များက ၎င်း၏ ဘောလုံးသမား ဘဝ နေဝင်ချိန်သို့ ရောက်ရှိနေပြီဟု သုံးသပ်ခဲ့ကြပြီး နယူးကာဆယ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ဟူးစီးတီး ကဲ့သို့ အင်္ဂလန် အမှတ်ပေး ပြိုင်ပွဲ၏ အနိမ့်ပိုင်းတွင် ရပ်တည်နေသော အသင်းများ ကသာ ကမ်းလှမ်း ခဲ့ကြသည်။

သို့သော်လည်း ထိုအချိန်တွင် အင်္ဂလန်ချန်ပီယံ ယူနိုက်တက်၏ နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က အိုဝင်အား အလွတ် ပြောင်းရွှေ့ကြေးဖြင့် မထင်မှတ်ဘဲ ယခုကဲ့သို့ ခေါ်ယူ စာချုပ်လိုက်ခြင်း ဖြစ်သည်။ ယခု ကြံုနေရသည့် အနေအထား အတွက် အလုံးစုံ ကျေနပ်မိကြောင်း၊ တချိန်က ပိုင်ဆိုင်ခဲ့သည့် အတောက်ပဆုံး ခြေစွမ်းကို ပြန်ရလာပြီး ယူနို်က်တက် အတွက် ပေးဆပ် သွားမည်ဟု ကတိပြုခဲ့သည်။

ထို့အပြင် အိုဝင်သည် ယူနိုက်တက် ကဲ့သို့ အသင်းကြီးတွင် ပါ၀င်ရခြင်းကြောင့် အင်္ဂလန် လက်ရွေးစင် ဘဝသို့ တကျော့ပြန် ရောက်ရှိရန် ယုံကြည်မှု မြင့်တက် လာမိကြောင်း ထုတ်ဖော် ၀န်ခံသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here