မြင်းပြိုင်ပွဲများ အပေါ် ဩဇာ အလွှမ်းဆုံး ပုဂ္ဂိုလ်စာရင်း ကေတီပရိုက်စ် ပါဝင်

alt

ဗြိတိန်ထုတ် Country Life မဂ္ဂဇင်းက နိုင်ငံတဝှမ်းရှိ ပြိုင်မြင်း လောကမှ ဩဇာ အကြီးမားဆုံး ပုဂ္ဂိုလ် (၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့ရာ Glamour မော်ဒယ်ဟောင်း ကေတီပရိုက် လည်း ပါ၀င်လာကြောင်း သိရှိရသည်။

ပရိုက် အတွက် ယခုကဲ့သို့ မြင်းပြိုင်ပွဲများ အပေါ် အလွှမ်းမိုး နိုင်ဆုံး အယောက် (၁၀၀) စာရင်းတွင် ပထမဆုံး ပါ၀င်လာခြင်း ဖြစ်ပြီး နံပါတ်(၁၀၀) တွင် ကပ်၍ ချိတ်ခဲ့ခြင်း ဖြစ်သည်။

ယခု စာရင်းတွင် ဗြိတိန် တော်ဝင်မင်းသမီး ဇာရာဖီးလစ် လည်း အပါအဝင် ဖြစ်ကြောင်း သိရသည်။ ကေတီသည် ယခု သီတင်းပါတ် အတွင်းမှာပင် ခင်ပွန်းသည် ပီတာ ဒိုဟာတီနှင့် တရားဝင် ကွာရှင်းထားပြီး (၂၀၀၉) ခုနှစ်တွင် သူမနှင့် ပတ်သက်သော သတင်းများက ပရိသတ်ကို အကြီးအကျယ် ဖမ်းစား လာနိုင်သဖြင့် ထိပ်ဆုံး(၁၀၀)တွင် စာရင်းပေါက်လာခြင်း ဖြစ်ကြောင်း မဂ္ဂဇင်း တာဝန် ရှိသူများက ရှင်းပြခဲ့ကြသည်။

ကေတီသည် မြင်းမွေးရန် ၀ါသနာ ပါသူဖြစ်ပြီး မကြာသေးခင်ကမှ Cross Dresser ဟု သူမ ကိုယ်တိုင် အမည်ပေးထားသည့် မြင်းတကောင်အား ပေါင်(၁၅၀၀၀၀)ဖြင့် ၀ယ်ယူကာ မြင်း ပြိုင်ပွဲများတွင် ပါ၀င် ယှဉ်ပြိုင်သွားရန် ကြံစည်လျှက် ရှိသည်။

ကေတီသည် ပြီးခဲ့သည့် သီတင်းပါတ်က သူမသည် ငယ်စဉ် ကတည်းက တကြိမ်ထက် မက မုဒိမ်းကျင့် ခံခဲ့ရဖူးကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ထိုကိစ္စသည် ဗြိတိန်တွင် သာမက ဟောလီးဝုဒ် အသိုင်းအဝိုင်း တွင်ပါ လူပြောအများဆုံး သတင်းအဖြစ် ဟိုးလေးတကျော် ရေပန်းစား သွားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here