ဖေါက်ထွင်းဝိဇ္ဇာ တဦး မြန်မာအမျိုးသမီး များအား လုယက် မုဒိမ်းကျင့်ရန် ကြံစည်

alt

မလေးရှား နိုင်ငံရှိ မြန်မာ အမျိုးသမီး အလုပ်သမား အိပ်ဆောင် တခုအတွင်း ကျူးကျော် ၀င်ရောက်လာသူ တဦးသည် အမျိုးသမီး များအား မုဒိမ်းကျင့်ရန် ကြိုးပမ်း ခဲ့သော်လည်း မအောင်မမြင် ဖြစ်ခဲ့ရကြောင်း၊

အိပ်ဆောင်မှ အမျိုးသမီး များက ရဲတပ်ဖွဲ့ထံ ပြောကြား သွားခဲ့သည်။ ထို အမျိုးသမီး (၇)ဦး တို့သည် စက်ရုံတခုမှ အလုပ်သမများ ဖြစ်ပြီး ကျူးကျော် ၀င်ရောက် လာသူသည် သူမတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုသူသည် စက်တင်ဘာ (၁၀)ရက် နေ့က နံနက် လင်အားကြီး (၂)နာရီ အချိန်တွင် အိပ်ဆောင်အတွင်း ၀င်ရောက်လာပြီး အမျိုးသမီး များအား နှိုးကာ သူမတို့ ပိုင်သော လက်ဝတ် ရတနာများနှင့် မိုဘိုင်းဖုန်း များကို ဓားပြတိုက် ရယူခဲ့သည်။

ထို့နောက် အမျိုးသမီး များအား အဝတ်အစား များကို ခြိမ်းခြောက်၍ ချွတ်ခိုင်းပြီး မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သော်လည်း ၎င်း၏လိင် စွမ်းဆောင်နိုင်မှု မရှိခြင်းကြောင့် လက်လျှော့ပြီး ပြန်ထွက်ခွာ သွားကြောင်း သိရသည်။ ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် တာမန်ပူထရီ ၀မ်ဆာ အရပ်တွင် နေထိုင်သည့် အမျိုးသမီး အလုပ်သမ များသည် ထိုနေရာတွင် ဆက် မနေလိုတော့ဟု တောင်းဆို ခဲ့ကြသည်။

ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ ကောင်စစ်ဝန် မအိအိတင်က အမျိုးသမီးများ အတွက် ယာယီရွက်ဖျင်များ ခေတ္တစီစဉ် စောင့်ရှောက်ထားကြောင်း ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့ အနေနှင့် ထိုတရားခံအား ရှာဖွေ ဖမ်းဆီးပေးရန်လည်း တောင်းဆိုလိုကြောင်း မလေးရှားနိုင်ငံထုတ် The Star သတင်းစာသို့ ပြောကြားခဲ့သည်။

ယခုထိ ထိုသူအား မမိသေးကြောင်း၊ ၎င်း၏ လက်ထဲတွင် ပါရန်တလက် (မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများတွင် အသုံးပြုလေ့ ရှိသည့် ဓားတမျိုး) ဆောင်လာကြောင်း၊ ထို ပါရန်ဖြင့် အမျိုးသမီး များအား ခြိမ်းခြောက်ကာ အဝတ်အစား များကို အတင်း ချွတ်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း မအိအိတင် က ဆိုသည်။ ယခုအခါ မြန်မာသံရုံးသည် မလေးရှား လူ့အရင်းအမြစ် ၀န်ကြီးဌာနသို့ ထိုကိစ္စအား အသိပေးသည့် စာတစောင် ရေးသား ပေးပို့ထားပြီး ဖြစ်သည်။

မအိအိတင်က မြန်မာနိုင်ငံမှ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအား ပြည်ပနိုင်ငံများသို့ မြန်မာ အလုပ်သမား များကို ပို့ဆောင်ရာတွင် ၎င်းတို့၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက် ပေးသင့်ကြောင်း တိုက်တွန်း ခဲ့သည်။

ယခု အမျိုးသမီး (၇)ဦး တို့သည် အခြား စက်ရုံအလုပ်သမ (၃၀)ကျော် တို့နှင့် ပေါင်းစည်း နေထိုင်ရသူများ ဖြစ်ပြီး ဖိစီးမှု များပြားလှသဖြင့် ကျန်းမာရေး အခြေအနေ မကောင်းကြကြောင်း မအိအိတင်က ပြောဆို သွားခဲ့သည်။ မှတ်တမ်းပြု ထားသော စာရင်းများအရ မလေးရှားတွင် မှတ်ပုံတင် လုပ်ကိုင်နေသော မြန်မာ အလုပ်သမားဦးရေ (၁၃၀၇၃၁)ဦး ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here