အိမ်ထောင်ရေး သာယာချောမွေ့ လိုလျှင် အိပ်ယာ ခွဲအိပ်ပါ

alt

အိပ်မက်ဆန်ပြီး သာယာ ချောမွေ့သော အိမ်ထောင်ရေး တခုကို တည်ထောင် လိုပါက လင်မယား နှစ်ဦး အိပ်ယာ ခွဲအိပ်ခြင်းက အကောင်းဆုံး ဖြစ်ကြောင်း ပညာရှင်များက ထောက်ခံ လိုက်သည်။

ထို လုပ်ရပ်သည် အိပ်ယာထဲတွင် လင်မယားနှစ်ဦး အငြင်းပွားခြင်းကို ရှောင်လွှဲနိုင်သလို တဦးက ဟောက်နေသည့် အတွက် ကျန်တဦး အိပ်မရတော့သည့် ပြဿနာ မျိုးလည်း မရှိတော့ကြောင်း ဆူရီ တက္ကသိုလ်မှ ဒေါက်တာ နေးစတန်လီက ပြောကြားခဲ့သည်။

ထို့ကြောင့် အိပ်ရေး မဝခြင်းကြောင့် နှလုံးနှင့် လေဖြတ် ရောဂါများ ဖြစ်လာနိုင်ခြင်းကို လျော့ကျစေသလို အပြန်အလှန် သည်းမခံနိုင်သည့် အတွက် ကွာရှင်းမှုများသို့ ဦးတည် မသွားအောင်လည်း ကာကွယ်ပြီး ဖြစ်ကြောင်း ဒေါက်တာစတန်လီ ကဆိုသည်။ ထို့အပြင် ဟောက်ခြင်းမှာ အိမ်ထောင်ရေး သာယာမှု အတွက် ကြီးစွာသော အန္တရာယ် တခုဟု ဆိုပါက ရုတ်တရက် လက်မခံချင် ဖြစ်သွားကြနိုင်သော်လည်း ထိုအချက်မှာ အမှန်ပင် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ကွာရှင်း ပြတ်စဲသူ လင်မယား အတော်များများက တရားရုံးတွင် ကွာရှင်းလိုသည့် အကြောင်းရင်းအား ပြောပြခဲ့ရာ ဟောက်တတ်သော အကျင့်ကြောင့် ဖြစ်ရသည်မှာ အတော်များကြောင်း ဒေါက်တာစတန်လီ က ဆိုသည်။ ထို့ကြောင့်လည်း အမှန်တကယ် အိမ်ထောင်ရေးကို ထိန်းသိမ်းလိုပါက အိမ်ထောင်ရေး သုခကို ခံစားပြီး ချိန်တိုင်း အိပ်ယာခွဲ အိပ်ကာ အိပ်ရေးဝဝ အိပ်စက် အနားယူခြင်းမှာ အမှန်တကယ် အကျိုးရှိသည့် နည်းလမ်းတခုဟု အကြံပေးလိုကြောင်း ဒေါက်တာစတန်လီက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here