အာတိတ်ပင်လယ် ကုန်တင်သင်္ဘော သတင်းအား ရုရှား အစိုးရ ပယ်ချ

alt

ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက ပျောက်ဆုံးသွားသည့် ရုရှား ကုန်တင် သင်္ဘောကြီး ပေါ်တွင် ဒုံးကျည်များ ပါသွားသည် ဆိုသော ခန့်မှန်း သတင်းများအား ရုရှား အစိုးရက ပယ်ချ လိုက်သည်။

နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ဆာဂျီ လာဗရော့က ဘောလ်တစ် ပင်လယ်တွင် ပင်လယ် ဓားပြများက ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ကြေညာ ထားသည့် အာတိတ်ပင်လယ် သင်္ဘောပေါ်တွင် အီရန်သို့ ရောင်းချရန် ရည်ရွယ် ထားသော S-300 ဒုံးကျည်များ တင်ဆောင် လာသည်ဆိုသော ခန့်မှန်းချက် များမှာ အခြေအမြစ် မရှိကြောင်း ပြောကြားလိုက်သည်။

ထို ဒုံးကျည်များသည် မြေပြင်မှ ဝေဟင်သို့ ချေမှုန်း ပစ်ခတ်နိုင်ပြီး အမေရိကန်နှင့် ဆက်ဆံရေး တင်းမာသော အီရန်က အလို ရှိနေသည်။ သင်္ဘောသည် ရက်ပေါင်း အတန်ကြာ ထူးထူးဆန်းဆန်း ပျောက်ဆုံး နေခဲ့ပြီး ရုရှားရေတပ်က အာဖရိက တိုက်အနီး ကိပ်ဗာဒီ ကမ်းလွန်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သင်္ဘောနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ရုရှားက မကြေညာဘဲ လျှို့ဝှက် ထားပြီးနောက် အာတိတ်ပင်လယ် ကုန်တင် သင်္ဘောအကြောင်း ကောလဟာလများ ပျံ့နှံ့လာခဲ့ရာ ယခုအကြိမ်တွင် ပထမဆုံး အကြိမ် ရုရှား အစိုးရက ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။

၀န်ကြီး လာဗရော့ စက်တင်ဘာလ (၈)ရက်နေ့ ကြေညာချက်တွင် ယခု ထွက်ပေါ်နေသော သတင်းများ အားလုံး မှားယွင်းကြောင်း၊ အာတိတ်ပင်လယ် ပေါ်တွင် မည်သည့် စစ်လက်နက် ကိုမျှ တင်ဆောင ်မသွားကြောင်း ရုရှား အစိုးရ အစီရင်ခံစာတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here