ရွေးကောက်ပွဲ အပြီး မြန်မာ နယ်နိမိတ်ရှိ မဲခေါင် ဒေသအား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည်

alt

(၂၀၁၀) ခုနှစ် ရွေးကောက်ပွဲများ ပြီးဆုံးချိန်တွင် မဲခေါင် ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် သတ်မှတ် ပေးသွားမည်ဟု မြန်မာ စစ်အစိုးရက ကြေညာ လိုက်သည်။

အသစ် ထွက်ပေါ်လာသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံ၏ အရှေ့မြောက်ပိုင်း၊ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံ နယ်စပ်တွင် တည်ရှိသော အဆိုပါ ဒေသအား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးသွားမည်ဟု မြန်မာ စစ်အစိုးရ ဒုတိယ ၀န်ကြီးတဦးက ပြောကြား လိုက်သည်။

ကိုးကန့် ဒေသသို့ ယနေ့ သွားရောက် လေ့လာမည့် သတင်းထောက် များအား စစ်အစိုးရ တာဝန်ရှိသူ များက တွေ့ဆုံစဉ် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် ရှမ်းပြည်နယ် အထူးဒေသ (၁) ဟု မြန်မာ စစ်အစိုးရက သတ်မှတ် ခေါ်ဆိုသော ဒေသရှိ လောက်ကိုင် မြို့သို့ ဦးတည် သွားရောက်မည် ဖြစ်သည်။

ကိုးကန့်တွင် ပြီးခဲ့သည့် လက မြန်မာ စစ်အစိုးရ တပ်များနှင့် ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ သွေးချောင်းစီး စစ်ပွဲများ ဆင်နွှဲခဲ့ပြီး ဒေသခံများမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ထွက်ပြေးခဲ့ ရသည်။ ယခုအခါတွင် ကိုးကန့်ဒေသ၏ အချုပ်အခြာ အာဏာကို အပြည့်အဝ ပြန်လည် ထူထောင်ပြီး အခြေအနေ အေးဆေး ငြိမ်သက်နေပြီဟု မြန်မာအစိုးရက ကြေညာထားပြီး တိုက်ပွဲများ ဖြစ်ပွားရမှု အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင် ဦးဖုံကြားရှင်အား ပြစ်တင် ပြောဆို လိုက်သည်ကို မြန်မာ စစ်အစိုးရ မီဒီယာများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here