မင်းသား ဂျော့ရှ်ကလူနေးလ် ယောက်ျားချင်း ချစ်ခွင့်ပန် ခံလိုက်ရ

alt

ဂျော့ရှ် ကလူးနေးလ် တယောက် ယောက်ျားခြင်း ချစ်ခွင့်ပန်ခြင်း ခံရသဖြင့် အတော်လေး စိတ်ညစ်ခဲ့ရကြောင်း သိရှိရသည်။

ဗင်းနစ် ရုပ်ရှင်ပွဲတော်သို့ ရောက်ရှိနေသည့် ကလူနီးလ်သည် စက်တင်ဘာလ (၈)ရက် နေ့က သတင်းစာ ရှင်းလင်းပွဲ တခုသို့ တက်ရောက်စဉ် ယခု ပြဿနာနှင့် ကြံုခဲ့ရခြင်း ဖြစ်သည်။

ဥရောပနှင့် အမေရိက တိုက်ရှိ အမျိုးသမီး အတော်များများ၏ အသည်းစွဲ ရုပ်ရှင် မင်းသားတဦး ဖြစ်နေသော ကလူနီးလ် အား Gay တဦးက လူကြားထဲတွင် အဝတ်အစားများ ချွတ်ပြပြီး မိမိအား ယူပါရန် အော်ကြီးဟစ်ကျယ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

The Men Who Stare At Goats ဇာတ်ကား အတွက် ဗင်းနစ် ရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့် ကလူနီးလ်မှာ ထိုလုပ်ရပ်ကြောင့် အလွန် စိတ်ညစ်သွားကြောင်း သိရှိရသည်။ ကလူနီးလ်သည် Gay တဦးဖြစ်ကြောင်း ကောလဟာလများ ဖြစ်ပေါ်နေသဖြင့် မိမိကို အချင်းချင်း သဘောကျမည်ဟု ထင်သဖြင့် ယခုလို လုပ်လိုက်ကြောင်း၊ ထို ကိစ္စအတွက် လူအများက ရယ်မော နေသော်လည်း နောင်တ မရကြောင်း ယင်း အီတလီ လူမျိုးက သတင်းစာများသို့ ပြောကြားခဲ့သည်။

ထိုသူသည် ကလူနီးလ် အား ပရိသတ် ရာပေါင်းများစွာ ရှေ့တွင် တကိုယ်လုံး ချွတ်ကာ Propose လုပ်ပြီးနောက် ရဲများက ဆွဲထုတ်သွားမှုကို ခံခဲ့ရသည်။ ကလူနီးလ် ကမူ ထိုအခြင်းအရာ အတွက် တစုံတရာ မဝေဖန်လိုကြောင်း သတင်းထောက် များအား ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here