ဒိုင်နိုဆော ရုပ်ကြွင်း လေလံတင်မည်

alt

ပေါင်စတာလင် (၄.၈)သန်းမျှ ငွေကြေးရှိပါက ကမာ္ဘ့သမိုင်းတွင် အရက်စက် အကြမ်းကြုတ်ဆုံး ဒိုင်နိုဆော မျိုးစိတ်အဖြစ် မှတ်တမ်း တင်ထားသည့် တိုင်ရန်နိုဆောရပ် တကောင်၏ ရုပ်ကြွင်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း (၆၆)သန်းက အသက်ရှင်ခဲ့သည့် ကြီးမားသော သတ္တဝါကြီး၏ အရိုးစုမှာ (၁၅)ပေ မြင့်ပြီး ပေ(၄၀) အထိ ရှည်လျားသည်။ ထို အကောင်ကြီးအား နောက်လတွင် လေလံ တင်မည်ဖြစ်ပြီး ပေါင်ငွေ (၄.၈)သန်း အထိ ရရှိမည်ဟု လေလံ လုပ်ငန်းရှင်များက မျှော်လင့် ထားကြသည်။

ဆမ်ဆွန်ဟု ချစ်စနိုး အမည်ပေးထားသည့် တိုင်ရန် နိုဆောရပ် အမကြီး၏ ရုပ်ကြွင်းမှာ အရိုးပိုင်း (၁၇၀)ကျော် ပါရှိပြီး (၅၀) ရာခိုင်နှုန်းကျော် ပြည့်စုံလျှက် ရှိသည်။ အမေရိကန် သဘာဝ သမိုင်းပြတိုက်တွင် ပြသထားသည့် အရိုးစုကြီးအား အောက်တိုဘာလ (၃)ရက် နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၊ ဗင်နစ်ဆီယန် ဟိုတယ်တွင် ကျင်းပမည့် လေလံပွဲ အတွင်း ရောင်းချသွားမည် ဖြစ်သည်။

တိုင်ရန်နို ဆောရပ် များသည် ၎င်းတို့ ကမာ္ဘမြေကို ကြီးစိုးစဉ် ကာလက မြောက်အမေရိကတွင် အဓိက ကျက်စားခဲ့ပြီး ဆမ်ဆွန်အား တောင်ပိုင်း ဒါကိုတာတွင် (၁၉၈၇) မှ (၁၉၉၂)ခုနှစ် အတွင်း အချိန်ယူ တူးဖော်နိုင်ခဲ့သည်။ ဆမ်ဆွန်အား လေလံ တင်ခြင်းကြောင့် တကမာ္ဘလုံး အတွက် အာရုံစိုက်စရာ ဖြစ်လာကြောင်း ပြတိုက်မှ ထိန်းသိမ်းရေး ဒုတိယဒါရိုက်တာ သောမတ် လင်ဂရန် ကဆိုသည်။

မိမိတို့ အနေနှင့် ဆွမ်ဆန်အတွက် ပေါင်စတာလင် (၃.၆)သန်း မှ (၄.၈)သန်းကြား ရရှိမည်ဟု မျှော်လင့်ထားကြောင်း လင်ဂရန် က ဆိုသည်။ သို့သော်လည်း ဒိုင်နိုဆောကြီးအား လေလံ တင်ရောင်းချရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်း ကိုမူ ၎င်းက ပြောပြ မသွားခဲ့ချေ။ တိုင်ရန် နိုဆောရပ်များသည် Jurassic Park ရုပ်ရှင်ကြောင့် လူသိများလာပြီး ၎င်း၏ အဓိပ္ပါယ်မှာ ပုတ်သင် တို့၏ဘုရင် တိုင်ရန်ဟူ၍ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here