လာမည့်နှစ် အတွက် ဖာဘရီဂက်၏ အနာဂတ် မသေခြာသေး

alt

လာမည့် နှစ်အတွင်း မိမိ ကစားနေမည့် ဘောလုံး အသင်းကို ကြိုတင် မခန့်မှန်း နိုင်ကြောင်း ဆက်ဖာဘရီဂက်က ပြောကြား လိုက်သည်။

ထိုစကားသည် အာဆင်နယ် အသင်း ကပ္ပတိန်အား စောင့်ကြည့်နေသည့် ရီးရဲလ်မက်ဒရစ် နှင့် ဘာစီလိုနာ တို့အတွက် သတင်းကောင်း ဖြစ်လာသော်လည်း လန်ဒန်မြို့ခံ အာဆင်နယ် ကလပ် အတွက်မူ အရေးပေါ် သတိပေးချက် ဖြစ်လာခဲ့သည်။

ဖာဘရီဂက်သည် အသက်(၂၂)နှစ်သာ ရှိသေးသော်လည်း စပိန် လက်ရွေးစင် အသင်းတွင် ရွေးချယ် ခံရသလို ကမာ္ဘပေါ်တွင် အကောင်းဆုံး ကွင်းလယ်လူ တဦး အဖြစ်လည်း သတ်မှတ် ခံထားရပြီး ဖြစ်သည်။

အာဆင်နယ်ကို မိမိ ချစ်ကြောင်း၊ သို့သော်လည်း ဥရောပတွင် အောင်မြင်မှုများ ရရှိနိုင်ရေး အတွက် ပရော်ဖက်ရှင်နယ် ပီပီ စွန့်စား လိုကြောင်း၊ ထို့ကြောင့် နောက်နှစ်တွင် အာဆင်နယ် အတွက် ဆက်ကစား နေဦးမည်ဟု အာမ မခံနိုင်ကြောင်း မာကာ သတင်းဌာနသို့ ကွင်းလယ် ဗိသုကာက ပြောကြား သွားခဲ့သည်။

အာဆင်နယ်သည် ယခုနှစ်တွင် ကစားသမားကောင်းများ ဆုံးရှုံး ထားရပြီးနောက် ဖာဘရီဂက် ကိုပါ လက်လွှတ် ရမည်ကို အသင်း ပရိသတ်များက စိုးရိမ် နေကြသည်။ ဘာစီလိုနာသည် ၎င်းတို့၏ လူငယ် စီမံကိန်းမှ ထွက်ပေါ်လာသော ကစားသမားလေးအား ပြန်လည် ခေါ်ယူရန် စီစဉ်နေသလို ရီးရဲလ် ကလည်း ဥက္ကဌပီရက်ဇ်၏ ကြယ်စင်စု ဘောလုံးသမားများ စုစည်းရေး စီမံကိန်းကြောင့် ဖာဘရီဂက် ကိုပါ သိမ်းသွင်းရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here