မိန်းခလေးငယ်အား ၁၈နှစ်ကြာ ဖမ်းဆီးထားသည့် တရားခံ၏ နေအိမ်တွင် လူ အရိုးတွေ့ရှိရ

alt

ပြီးခဲ့သည့် လ အတွင်းက မိန်းခလေး တဦးကို (၁၈)နှစ် လုံးလုံး ဖမ်းဆီး ထားကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည့် ဖိလစ် ခရိတ် ဂါရီဒို ၏ နေအိမ် အနီးတွင် လူအရိုးဟု ယူဆ ရသော

အရိုးပိုင်း တခုကို ရဲများက တွေ့ရှိထားကြောင်း သိရှိရသည်။

ထိုအရိုးကို ဩဂုတ်လ (၃၁)ရက်နေ့ ကတည်းက တွေ့ရှိပြီးနောက် လူသားတဦး၏ အရိုးဟု ရဲတပ်ဖွဲ့က သံသယ ဖြစ်လာခဲ့ကြောင်း အတည်ပြု ခဲ့သည်။

ဂါရီဒို သည် ဇနီးဖြစ်သူ နန်စီ၏ အကူအညီဖြင့် ဂျေစီဒူးဂတ် အား (၁၁)နှစ် အရွယ် ကတည်းက ဖမ်းဆီးထားကာ (၁၈)နှစ် လုံးလုံး လိင် အခိုင်းအစေ အဖြစ် ဆက်ဆံ နေခဲ့သူ ဖြစ်သည်။

အသက် (၅၈)နှစ် ရှိပြီဖြစ်သော ဂါရီဒို နှင့် ဒူးဂတ် တို့သည် ကလေး(၂)ဦး ရရှိထားပြီး ဒူးဂတ်သည် (၁၈)နှစ် လုံးလုံး နေအိမ် နောက်ဖေးဘက်ရှိ သစ်ပင်များ အုပ်ဆိုင်းနေသော တင်းကုပ် ခြံဝင်းလေးအတွင်း ပြင်ပလောကနှင့် အဆက်အဆံ မရှိဘဲ နေခဲ့ရသောကြောင့် စိတ်ပိုင်းဆိုင်ရာ မူမမှန် မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဂါရီဒို သည် ယခုအခါ အသက်(၂၉)နှစ် ရှိနေပြီဖြစ်သော ဒူးဂတ်အား သူမအသက် (၁၁)နှစ် ကတည်းက ဆောက်လိတ် တာဟိုးလ် တွင်  နန်စီနှင့်အတူ ဖမ်းဆီးသွားပြီး မယားအဖြစ် ပြုကျင့် ပေါင်းသင်းနေခဲ့သူ ဖြစ်သည်။

၎င်းအား အဓမ္မမှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှု များနှင့် တရားစွဲ ဆိုထားပြီး အလိုတူ အလိုပါ နန်စီကိုလည်း ရဲတပ်ဖွဲ့က အလိုတူ အလိုပါ ပူးပေါင်း ပါ၀င်မှုဖြင့် တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။ ယခု တွေ့ရှိသော အရိုးစသည် ဂါရီဒို နှင့် ပတ်သက်မှု ရှိမရှိ မသေချာသေးဘဲ အစိုးရပိုင် ဓာတ်ခွဲဌာန တခုသို့ ပို့ဆောင်ကာ DNA စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး အမေရိကန် အင်ဒီးယန်း တဦး၏ ကြွင်းကျန် အရိုးလည်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆ ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here