ဘောင်းဘီရှည် ဝတ်သည့် ဆူဒန် အမျိုးသမီး ထောင်ဒဏ်တလ ချမှတ်ခံရ

alt

ဆူဒန် အစိုးရက ဘောင်းဘီရှည် ၀တ်ခဲ့သည့် အမျိုးသမီးအား ဘာသာ၊ ယဉ်ကျေးမှု အရ အပြစ်ရှိသဖြင့် ထောင်ဒဏ်တလ ချမှတ် လိုက်ကြောင်း သိရှိ ရသည်။

လူဘနာ  အာမက် ဟူစိန်၏ ရှေ့နေက ၎င်း၏ အမှုသည်သည် ဒေါ်လာ(၂၀၀) ဒဏ်ရိုက်သည်ကို ငွေဒဏ်ဆောင်ရန် ငြင်းဆန်ခဲ့သဖြင့် ထောင်ကျခဲ့ခြင်းဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

ဆူဒန် ဥပဒေအရ အမျိုးသမီးများ ဘောင်းဘီရှည် ၀တ်ခြင်းမှာ လျှပ်ပေါ် လော်လီပြီး ဘာသာရေး အရ အပြစ်ရှိသည်ဟု ယူဆသဖြင့် ယခုလို ထောင်ချ ခံရခြင်း ဖြစ်သည်။

အသက် (၃၀)ကျော် ရှိနေပြီ ဖြစ်သော လူဘနာသည် ဆူဒန်၌ လူသိများသော သတင်းထောက် တဦးလည်း ဖြစ်ပြီး ကြိမ်ဒဏ် အချက်(၄၀) ကိုလည်း ဘောင်းဘီရှည် ၀တ်သည့်အတွက် ကျခံရသေးသည်။

ကုလသမဂ္ဂတွင် အလုပ်လုပ်နေရာမှ နှုတ်ထွက်ထားသည့် လူဘနာ က သူမသည် မမျှမတ လိင်ခွဲခြား ဆက်ဆံခံရသည်ဟု ယူဆနေကြောင်း ရှေ့နေက ဆိုသည်။ အစိုးရက သူမအား ခုခံ လျှောက်လှဲခွင့် မပေးဘဲ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း လူဘနာ၏ ရှေ့နေ နာဘယ်အာဒစ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယခု ပြစ်ဒဏ်အတွက် လူဘနာ အနေနှင့် အယူခံဝင်ရန် ပြင်ဆင်နေကြောင်းလည်း အာဒစ်က အတည်ပြုခဲ့သည်။ သတင်းများအရ လူဘနာသည် ဘောင်းဘီရှည် ၀တ်ခြင်းမှာ အပြစ်ဟု မယူဆသဖြင့် သူမအား ချမှတ်သော ဒဏ်ငွေကို ပေးဆောင်ရန် ငြင်းဆန် နေသော်လည်း ရှေ့နေ ကမူ ဒဏ်ငွေပေးပြီး တောင်းပန်လိုက်ရန် ဖျောင်းဖျ နားချနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here