မြောက်ကိုရီးယား ရေကာတာ ဖောက်ချသည့် အတွက် ကိုရီးယားနှစ်နိုင်ငံ အငြင်းပွားနေ

alt

ကြိုတင် အကြောင်း မကြားဘဲ ရေ ကာတာကို ဖောက်ချ လိုက်သည့် အတွက် မြောက်ကိုရီးယား အစိုးရ၏ တောင်းပန်မှုကို အလိုရှိကြောင်း တောင်ကိုရီးယား  အစိုးရက ကြေညာ လိုက်သည်။

နှစ်နိုင်ငံ နယ်ခြား ဒေသကို ဖြတ်သန်း စီးဆင်းသော အင်(မ်)ဂျင် မြစ်ပေါ်မှ ရေကာတာ များကို မြောက် ကိုရီးယားက ဖောက်ချ ပစ်လိုက် သည်ဟု ယုံကြည်ရပြီး ရေများ အရှိန် အဟုန်နှင့် တိုက်စား စီးဆင်းမှုကြောင့် တောင်ကိုရီးယား နိုင်ငံသား (၆)ဦး နှင့် မြောက်ကိုရီးယား ကလေးငယ် (၁)ဦး အသက်ဆုံးရှုံး ခဲ့ရသည်။

တောင်ကိုရီးယားတွင် ထိုရေများကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရဲတပ်ဖွဲ့သည် တောင်ကိုရီးယား နိုင်ငံသား (၃)ဦးနှင့် မြောက်ကိုရီးယား ဘက်မှ မျောပါလာသည့် ကလေးငယ် (၁)ဦးတို့၏ အလောင်းများကို ဆယ်ယူ နိုင်ခဲ့ပြီး ဖြစ်သည်။ ထိုရေများသည် (၇)ပေခွဲ အထိ ရုတ်တရက် တဟုန်ထိုး မြင့်တက် လာခြင်းကြောင့်  ယခုလို သေဆုံးမှုများ ဖြစ်လာခြင်းဟု တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။

ထိုနေ့က မိုးရွာသွန်းမှုလည်း မရှိခဲ့သဖြင့် တောင်ကျရေများ စီးဆင်း လာခြင်းလည်း မဖြစ်နိုင်သောကြောင့် မြောက်ကိုရီးယားက ၎င်းတို့၏ ရေကာတာ များကို ဖောက်ချ ပစ်ခြင်းသာ ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားက စွပ်စွဲပြောကြား လိုက်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယား ဘက်မှ တုန့်ပြန်မှု မရှိသေးသော်လည်း တောင်ကိုရီးယား ကမူ ကွန်မြူနစ်နိုင်ငံ အစိုးရအား  လူကြီးလူကောင်း ဆန်စွာ ပြန်လည် တောင်းပန်ရန် တောင်းဆို ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here