ဂီလာန အီတလီ ကစားသမားဟောင်း အတွက် ချစ်ကြည်ရေး ဘောလုံးပွဲကျင်းပ

alt

စက်တင်ဘာလ (၆)ရက် နေ့က အီတလီ ဘော်လုံးသမား ဟောင်း စတီဖာနို ဘော်ဂိုနိုဗို အတွက် ရည်စူးပြီး အေစီမီလန် နှင့် ရီးရဲလ် မက်ဒရစ် အသင်းတို့မှ ဂန္တဝင် ကစားသမားများ

ချစ်ကြည်ရေး ဘောလုံးပွဲတခု ကစား ခဲ့ကြောင်း သိရှိရသည်။

ထိုပွဲတွင် အီတလီကလပ် မီလန် လူဟောင်းကြီးများ အသင်းက စပိန် ကလပ်ကို (၂-၀)ဖြင့် အနိုင်ရရှိ သွားခဲ့သည်။ ကစားသမား ဟောင်းကြီးများသည် ချစ်ကြည်ရေးပွဲတွင် ပျော်ပျော်ရွှင်ရွှင် ရင်းနှီးခင်မင်စွာ ကစားသွားခဲ့ပြီး မီလန်ဘက်တွင် ဘရာဇီး နာမည်ကျော် ရော်နယ်ဒင်ညိုမှာ အရံခုံတွင် ပါ၀င်ခဲ့သော်လည်း ၀င်မကစား ခဲ့ချေ။

ထို့အတူ ချဲလ်ဆီးနည်းပြ ရာထူးကို လက်ခံထားသည့် မီလန် နည်းပြဟောင်း အန်ဆလော့တီ လည်း ယခုပွဲတွင် ပါ၀င်ခဲ့သလို လက်ရှိ မီလန်နည်းပြ လီယိုနာဒို၊ အီတလီဂန္တဝင် ဘောလုံးသမား ရောဘတ်တို ဘက်ဂီယို၊ ခရိုအေးရှား ကွင်းလယ်လူ ဘိုဘန် တို့လည်း ပါ၀င်ခဲ့သည်။

ဘော်ဂိုနိုဗာ သည် အသက်(၄၅)နှစ် အရွယ် ရှိပြီဖြစ်ပြီး အာရုံကြော ချွတ်ယွင်းမှု ဝေဒနာကို ခံစား နေရသဖြင့် ဘောလုံးသမား ဟောင်းကြီးများက ရံပုံငွေပွဲတခု ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ ဘောလုံးပွဲကို ဘီးတပ် ကုလားထိုင်ဖြင့် ကွင်းထဲ ရောက်လာသည့် ဘော်ဂိုနိုဗိုက စပေးဘောလုံး ကန်ပေးခြင်းဖြင့် စတင်ခဲ့ပြီး ပရိသတ်များက ၎င်း၏အမည်ကို ဂုဏ်ပြု အော်ဟစ်ခဲ့ချိန်တွင် အီတလီ ကစားသမားကြီးမှာ မျက်ရည်များပင် ကျခဲ့ရ ရှာသည်။

ယခုပွဲတွင် မီလန်ဘက်မှ ဗန်ဘာစတန်၊ ဆီမြွန်းနီ ကဲ့သို့ နာမည်ကျော် ကစားသမားဟောင်းများ ပါ၀င်ခဲ့သော်လည်း ရီးရဲလ် ကမူ အတန်ငယ် အားပျော့သော အသင်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အယ်ဖွန်ဆို၊ ကရန်ကာ၊ ဗစ်တာ၊ အိုင်ဗန် တို့ ပါ၀င်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here