ဖိလစ်ပိုင် ကူးတို့ရေယာဉ်မှ နောက်ဆုံး အသက်ရှင် သူများအား ကယ်ဆယ်နိုင်ခဲ့သေး

alt

ဖိလစ်ပိုင် ကမ်းလွန်တွင် နစ်မြုပ်သွားသော ကူးတို့ ရေယာဉ်မှ နောက်ဆုံး အသက်ရှင် ကျန်ရစ်သူအား ကယ်ဆယ်ရေး တပ်ဖွဲ့များက ဆယ်ယူနိုင်ခဲ့ သေးသည်။

လူပေါင်း (၁၀၀၀)နီးပါး လိုက်ပါလာသော ရေယာဉ်မှ နောက်ဆုံး ကျန်ရစ်သည့် အသက်ရှင် သူမှာ အမျိုးသမီး တဦးဖြစ်ပြီး ဒဏ်ရာများ အပြင်းအထန် ရရှိထားကြောင်း တာဝန်ရှိသူ များက စက်တင်ဘာလ (၈)ရက် နေ့က ကြေညာခဲ့သည်။

ရေယာဉ်သည် ဖိလစ်ပိုင် တောင်ပိုင်းတွင် စက်တင်ဘာလ (၆)ရက် နေ့က နစ်မြုပ်သွားခြင်း ဖြစ်သည်။ နောက်ဆုံး ကယ်တင်နိုင်ခဲ့သော အမျိုးသမီးမှာ လီတာ ကာဆယ်လွန် ဟုခေါ်ပြီး ယခုအခါ စစ်ဆေးရုံ တခုတွင် ကုသမှု ခံယူ နေရသည်။

သူမသည် ရေဓာတ် ခမ်းခြောက်မှုကို ခံစားနေရပြီး (၂၄)နာရီ လုံးလုံး ငါးမန်း ထူပြောရာ ပင်လယ်ထဲတွင် မျောပါနေသည့် အတွက် အလွန်ထိတ်လန့် တုန်လှုပ် နေသလို အအေးလည်း မိထားကြောင်း သိရှိရသည်။ ရေယာဉ် တိမ်းမှောက်မှုကြောင့် လူ(၉)ဦး သေဆုံးပြီး ကျန်သူများ အားလုံးကို ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင် ပြည်သူ့ ကာကွယ်ရေးဌာနက အတည်ပြု ကြေညာခဲ့သည်။

ကာဆယ်လွန် က သူမသည် ရေထဲတွင် မျောပါနေရင်း တစထက် တစ အေးလာကြောင်း၊ သူမ အတွက် ဆုတောင်းခြင်းမှ လွဲပြီး လုပ်စရာ ဘာမှ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ရေယာဉ်တွင် လိုက်ပါလာသည့် သင်္ဘောသား (၁၉)ဦး လုံးမှာ အသက်ရှင်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here