အီကွေဒေါ သမတ၏ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ A/H1N1 ကြောင့် သေဆုံး

alt

အီကွေဒေါ သမ္မတ၏ လုံခြံုရေး တပ်ဖွဲ့ အကြီးအကဲမှာ A/H1N1 တုပ်ကွေး ရောဂါကြောင့် သေဆုံး သွားကြောင်း သိရှိရသည်။

လုံခြံုရေး တပ်ဖွဲ့၏ အကြီးအကဲ ဂျွန်မာရီနို သည် ကွီတိုရှိ စစ်ဆေးရုံတွင် ကွယ်လွန် သွားကြောင်း စက်တင်ဘာလ (၆)ရက်နေ့ ညပိုင်းက တာဝန် ရှိသူများက အတည်ပြု ကြေညာခဲ့သည်။

ထိုညက မကွယ်လွန်မီ မာရီနိုသည် ဆေးရုံတွင် (၃)ပါတ် တိုင်တိုင် ကုသ နေခဲ့ရသော်လည်း ရောဂါ သက်သာမလာဘဲ ယခုကဲ့သို့ ကွယ်လွန်သွားခြင်း ဖြစ်သည်။

၎င်းသည် အီကွေဒေါ သမတ ရာဖေးကော်ရီယာ၏ အထူး အားထားခြင်း ခံရသော ညာလက်ရုံး ပုဂ္ဂိုလ်တဦး ဖြစ်ပြီး ဩဂုတ်လ (၁၁)ရက် နေ့က တုပ်ကွေး လက္ခဏာများ ပြသလာသဖြင့် ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူ ခဲ့ရသည်။ မာရီနို ကွယ်လွန်ချိန်တွင် သမတ ကိုယ်တိုင် လာရောက်ပြီး မိသားစုများကို အားပေး နှစ်သိမ့်ခဲ့သည်။ မာရီနိုသည် ၎င်းအတွက် အကြီးကျယ်ဆုံး၊ သစ္စာ အရှိဆုံး မိတ်ဆွေတဦး ဖြစ်ကြောင်း သမတက ဂုဏ်ပြု ပြောဆိုခဲ့သည်။

စက်တင်ဘာလ (၇)ရက် နေ့ထိ စာရင်းများအရ အီကွေဒေါ နိုင်ငံတွင် H1N1 တုပ်ကွေး ဖြစ်ပွားသူ (၁၆၄၇)ဦး အထိ ရှိလာပြီး (၄၄)ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here