ချယ်ရီကိုးလ် ၏ ပထမဆုံး တကိုယ်တော် သီချင်းသစ် ထုတ်လွှင့်

alt

ဗြိတိန် အဆိုတော် ချယ်ရီကိုးလ် သည် သူမ၏ ပထမဆုံး တကိုယ်တော် ဆင်ဂယ်လ် သီချင်းသစ် ကို စက်တင်ဘာလ (၇)ရက် နေ့က ထုတ်လွှင့် လိုက်ပြီ ဖြစ်သည်။

Fight for This Love အမည်ရှိ သီချင်းကို ထုတ်လွှင့် လိုက်ခြင်းကြောင့် ချယ်ရီသည် Girls’ Aloud အဆိုတော် အဖွဲ့တွင် ပထမဆုံး တကိုယ်တော် သီချင်း ထုတ်လွှင့်သူ ဖြစ်လာခဲ့သည်။

ချယ်ရီ၏ ပရိသတ်များက အဆိုတော် မလေး၏ သီချင်းသည် သူမ၏ ဘဝကို ပုံဖော်နေသည်ဟု ခံစားရကြောင်း သုံးသပ် ခဲ့ကြသည်။ ချယ်ရီသည် မကြာသေးမီ နှစ်များက ခင်ပွန်းဖြစ်သူ အင်္ဂလန် ဘောလုံးသမား အက်ရှ်လေ ကိုးလ် နှင့် အိမ်ထောင်ရေး အဆင်မပြေ ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခု သူမ၏ သီချင်းတွင် ပါ၀င်သော စာသားများ ကလည်း ထို အခြေအနေ ကို လှစ်ပြနေကြောင်း သိရှိရသည်။

ထိုသီချင်းကို စတိကစ်နာ၊ အင်ဒရီမာရစ် နှင့် ၀ိန်းဝီကင် တို့က ရေးစပ်ပေးခဲ့ပြီး Radio 1 မှ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ ချယ်ရီ၏ သီချင်းကို DJ ခရစ်မွိုင်လီ က ကူညီ တီးခတ်ပေးခဲ့ခြင်း ဖြစ်သည်။

ချယ်ရီသည် သူမ၏ ပထမဆုံး တကိုယ်တော် အယ်လ်ဘမ် Three Words ကို အောက်တိုဘာလ တွင် ထုတ်ဝေရန် စီစဉ် ထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here