အဆင့်မြင့် နည်းပညာသုံး Rafale တိုက်လေယာဉ် ပြင်သစ် တိုက်လေယာဉ်များ ဘရာဇီး ဝယ်ယူမည်

alt

ဘရာဇီး နိုင်ငံသည် ကာကွယ်ရေး ကဏ္ဍအတွက် ပြင်သစ် နိုင်ငံမှ တိုက် လေယာဉ်များ ၀ယ်ယူရန် သဘောတူ ညီမှု ရရှိခဲ့ကြောင်း သိရှိ ရသည်။

ပြင်သစ်၏ ခေတ်မီ တိုက်လေယာဉ် (၃၆)စင်း အား ဘရာဇီးက ၀ယ်ယူ ခဲ့မှုသည် တန်ဖိုးငွေ ဒေါ်လာ (၂)ဘီလျံမျှ ကျသင့်နိုင်ကြောင်း သတင်းများက ဆိုသည်။ ဘရာဇီး နိုင်ငံသည် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတခု ဖြစ်ပြီး ၎င်း၏ အချုပ်အခြာကို ကာကွယ်ရန် စစ်ဘက် ကဏ္ဍကို တိုးမြှင့်လျှက် ရှိနေသည်။

ယခု ကြေညာချက်ကို ဘရာဇီး သမတ လူးဝစ် အင်နာဆီယို လူလာဒါ ဆေးဗားလ် နှင့် ပြင်သစ်သမတ နစ်ကိုလတ် ဆာကိုဇီ တို့က ပူးတွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် စက်တင်ဘာလ (၇)ရက် နေ့က ဘရာဆေးလား မြို့တွင် ကျင်းပသည့် ဘရာဇီးနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားကို အတူတကွ တက်ရောက် ခဲ့ကြသည်။

ဘရာဇီး၏ လေယာဉ်ဝယ်ယူရေး စီမံကိန်းအတွက် အမေရိကန် ကုမ္ပဏီ Boeing (ဘိုးရင်း) နှင့် ဆွီဒင်ကုမ္ပဏီ Saab (ဆပ်ဘ်) တို့ကလည်း အသည်းအသန် ကြိုးပမ်း ခဲ့ကြ သေးသော်လည်း ပြင်သစ်လေယာဉ် ကုမ္မဏီ Dassault က အောင်မြင်မှု ရရှိသွားခဲ့သည်။

ထို့ကြောင့်လည်း ဘရာဇီး လေတပ်တွင် များမကြာမီ ပြင်သစ်၏ အဆင့်မြင့် နည်းပညာသုံး Rafale တိုက်လေယာဉ် များအား တွေ့မြင် ရတော့မည် ဖြစ်သည်။ Saab(ဆပ်ဘ်) သည် Gripen တိုက်လေယာဉ်များကို ထုတ်လုပ်နေပြီး Boeing(ဘိုးရင်း) မှာမူ F-18 Super Hornet လေယာဉ်များအား ရောင်းချခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေဘဲ ဖြစ်ခဲ့ရသည်။

ဘရာဇီး သမတကြီး ကမူ ၎င်းသည် ပြင်သစ်လေယာဉ်များ၏ စွမ်းရည်အပေါ် အလွန် အထင်ကြီးမိကြောင်း ၀န်ခံ ပြောဆို သွားခဲ့သည်။ ပြင်သစ်သည် ဘရာဇီး နိုင်ငံသို့ စစ်ဘက်သုံး ရဟတ်ယာဉ် အစင်း(၅၀) ကိုလည်း ရောင်းချထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here