Asus eBook Reader ထုတ်လုပ်ရန် ပြင်ဆင်လျှက်ရှိ

alt

အီးဘွတ်(ခ်) လောကကို ချုပ်ကိုင် ထားသော Amazon နှင့် Sony တို့ကို ယှဉ်ပြိုင်ရန် Asus ကလည်း ebook reader များ ထုတ်လုပ်ရန် စီစဉ်နေပြီ ဖြစ်သည်။

Asus သည် ကမာ္ဘပေါ်တွင် လူသုံး အများဆုံး အီလက် ထရောနစ် ကုမ္မဏီ များ အနက်တခု အပါအဝင် ဖြစ်ပြီး Netbook လောကတွင် ကြီးကြီးမားမား လွှမ်းမိုး ထားနိုင်ခဲ့သည်။

ယခုအခါ Asus သည် ebook reader မော်ဒယ်နှစ်မျိုးကို ထုတ်လုပ်ကာ ဈေးကွက် ချဲ့ထွင်ရန် စတင် ပြင်ဆင်နေပြီ ဖြစ်သည်။ ထို ebook reader များသည် ဈေးကွက်ကို အဓိက ချုပ်ကိုင်ထားသည့် Amazon ၏ Kindle ကို ယှဉ်ပြိုင်နိုင်မည်ဟု Asus က ယုံကြည်ထားသည်။

Asus သည် ငွေကြေးအကုန်အကျ သက်သာသည့် မော်ဒယ်တမျိုး၊ feature ပိုမိုစုံလင်သည့် မော်ဒယ်တမျိုး တို့ဖြင့် ebook reader လောကအတွင်း ၀င်ရောက်လာမည်ဟု သတင်းများက ဆိုသည်။ Asus ၏ ebook များသည် ရောင်စုံ စာမျက်နှာဖြင့် ဖတ်ရှု နိုင်မည်ဖြစ်ပြီး စာအုပ်ကဲ့သို့ ခေါက်ချိုးနိုင််သော စာမျက်နှာနှစ်ခု ပါ၀င်မည်ဟု သိရှိရသည်။

ထို့အပြင် Touchscreen နည်းပညာကို အသုံးပြုကာ Skype ကဲ့သို့ အင်တာနက် ၀ဘ်ဆိုဒ်များကို အသုံးပြုနိုင်ရန် Speaker နှင့် Mic များလည်း ပါ၀င် လာနိုင်ကြောင်း သိရှိရသည်။ Asus က ၎င်းတို့၏ နည်းပညာသည် ထိုးဖောက် တီထွင်မှုတခု ဖြစ်လာပြီးနောက် အောင်မြင်မှုလည်း ကြီးကြီးမားမား ရရှိမည်ဟု ခန့်မှန်း ထားကြသည်။

နည်းပညာ လောက သတင်းများအရ Asus ၏ ebook reader များသည် စတင် ရောင်းချချိန်တွင် တလုံးအတွက် ဒေါ်လာ(၁၀၀၀)မျှ ကျသင့်ဖွယ် ရှိနေကြောင်း သိရှိရ ပြန်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here