အသိပေး ကြေညာခြင်းမရှိပဲ ရေကာတာ ဖေါက်လွှတ်ခဲ့ဟု မြောက်ကိုရီးယားအား တောင်ကိုရီးယား စွပ်စွဲ

alt

တောင် ကိုရီးယားနိုင်ငံက မြောက် ကိုရီးယား နိုင်ငံသည် ကြိုတင် ကြေညာခြင်း မရှိဘဲ ရေကာတာ တခုမှ ရေများကို ဖောက်လွှတ် ခဲ့မှုကြောင့် တောင်ကိုရီးယား ပြည်သူများ အသက် အန္တရာယ် ထိခိုက်ခဲ့ရကြောင်း စွပ်စွဲ လိုက်သည်။

မြောက် ကိုရီးယားသည် စက်တင်ဘာ လ (၆)ရက် နေ့က အင်(မ်)ဂျင်း မြစ်ကမ်းပေါ်ရှိ ရေကာတာကို ဖောက်ချ လိုက်ရာ မြစ်ကမ်းနံဘေး ယွန်ချောင်း ဒေသတွင် အပမ်းဖြေ ခရီး ထွက်လာသည့် မိသားစု (၆)ဦးအား တိုက်စား မျောပါ သွားစေခဲ့သည်။

ယခုအခါ ကလေးငယ် တဦးပါ၀င်သော အဆိုပါ မိသားစုဝင် အားလုံး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း၊ မြောက် ကိုရီးယား ရဲတပ်ဖွဲ့က ပျောက်ဆုံး နေသူများသည် ရေကာတာမှ အင်အား ပြင်းထန်သော ရေလုံးကြီးများနှင့် အတူ မျောပါသွားခြင်း ဖြစ်နိုင်ကြောင်း ၀န်ခံထားပြီး ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိသည်။

တောင်ကိုရီးယားမှ တာဝန်ရှိသူများက ရေကာတာ ဖောက်ချ လိုက်မှုကြောင့် မြစ်ရေသည် (၂.၃)မီတာ မှ (၄.၉၆) မီတာ အထိ ရုတ်တရက် မြင့်တက် သွားကြောင်း ပြောကြားခဲ့သည်။

ယခုအခါ ပျောက်ဆုံးနေသူ များအား မြောက်ကိုရီးယား ရော၊ တောင်ကိုရီးယား ကပါ လိုက်လံ ရှာဖွေနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here