ဖီလစ်ပင်း တိမ်းမှောက် ကူးတို့ရေယာဉ်မှ ခရီးသည်များအား ရှာဖွေနေဆဲ

alt

တိမ်းမှောက် သွားသော ကူးတို့ရေယာဉ်မှ လူပေါင်း (၉၅၀)ကျော် အနက် ပျောက်ဆုံးနေသူ များအား လိုက်လံ ရှာဖွေနေဆဲ ဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ကြေညာလိုက်သည်။

နိုင်ငံတောင်ပိုင်း မင်ဒါနာအို ကျွန်း၏ ကမ်းလွန်တွင် စက်တင်ဘာလ (၆)ရက် နေ့က နစ်မြုပ်ခဲ့သော တန်ချိန် (၇၂၀၀)ကျော် သင်္ဘောကြီးမှ လူ(၉)ဦး၏ အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့ပြီး လူပေါင်း ရာနှင့်ချီ ကယ်တင် နိုင်ခဲ့ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့က အတည်ပြုထားသည်။

သင်္ဘောသည် လူပေါင်း (၉၆၈)ဦးကို တင်ဆောင် လာသည်ဟု အာဏာပိုင် တို့က ဆိုသော်လည်း စာရင်း မမှတ်ထားသော ခရီးသည် များလည်း ပါလာသေးကြောင်း သိရှိရသည်။ ဖိလစ်ပိုင် ရေတပ်သည် သင်္ဘောများ၊ စစ်လေယာဉ်များဖြင့် အသက်ရှင် ကျန်ရစ်သူများအား လို်က်လံ ရှာဖွေနေသလို အမေရိကန်က အကြမ်းဖက်မှု နှိမ်နင်းရေး အတွက် ထောက်ပံ့ထားသော အရပ်ဘက် ရဟတ်ယာဉ် တစင်းကလည်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါ၀င်လျှက် ရှိသည်။

ရေယာဉ်သည် ဆန်းတို့မှ အီလွိုင်အီလို သို့ ဦးတည် ခုတ်မောင်းလာစဉ် လမ်းတဝက်တွင် နစ်မြုပ်သွားခြင်း ဖြစ်ပြီး အကြောင်းရင်းကိုမူ မသိရ သေးချေ။ သက်ဆိုင်ရာ တာဝန်ရှိသူများ ကမူ ဆီယိုမှုကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားသည်။ ဖိလစ်ပိုင် နိုင်ငံအနီး (၁၉၈၇)ခုနှစ်က နစ်မြုပ်ခဲ့သော ဒိုနာပက် ရေယာဉ်ကြောင့် လူပေါင်း(၄၃၄၁)ဦး သေဆုံးခဲ့ဖူးပြီး ထိုဖြစ်ရပ်သည် ရေကြောင်း သွားလာမှု သမိုင်းတွင် လူအသေအပျောက် အများဆုံး ဖြစ်ရပ်ကြီးအဖြစ် သမိုင်းတွင် မှတ်တမ်းတင် ကျန်ရစ်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here