အမေရိကားတွင် ခြိမ့်ခြိမ့်သဲ နယ်လှည့် ဖျော်ဖြေနေသော လေဇီးကလပ် ကွန်ဆတ်

alt

အမေရိကား၌ နယ်လှည့် ရံပုံငွေ ဖျော်ဖြေပွဲ အဖြစ် Myanmar Charity Group (MCG) မှ ကမကထ ကျင်းပသော လေးဇီးကလပ် ၏ ကွန်ဆတ် ပွဲကို ယမန်နေ့ စက်တင်ဘာ လ ၆ ရက်နေ့ ညနေတွင်

မြောက် ကယ်ရိုလိုင်းနား ပြည်နယ် ချက်ပါယ် ဟေးလ် မြို့  ၌ မြန်မာပြည်မှ လာရောက် သီဆိုသော အဆိုတော် ချစ်ကောင်း၊ ဇော်ပိုင်၊ R ဇာနည် နှင့် သဇင် တို့လာရောက် ဖျော်ဖြေ သွားကြသည်။

လူကြီး တယောက် ဒေါ်လာ ၅၀ နှင့် ကျောင်းသား ဒေါ်လာ၃၀ ကောက်ခံသော ရံပုံငွေ ကွန်ဆတ်ပွဲသည် ပီနန် ဆရာတော် ဘုရားကြီးအား အမှုးထားပြီး မကြာခင်၌ ဖွင့်လှစ်တော့မည့် မြောက်ကယ်ရိုလိုင်းနားမှ ဓမ္မိကာရာမ ကျောင်းတိုက် အတွက် ရံပုံငွေပွဲ ဖြစ်သည်ဟု သိရှိရသည်။

ရံပုံငွေပွဲအား ချက်ပါယ်ဟေးမြို့ အထက်တန်းကျောင်းတွင် နေ့လည် (၂) နာရီမှ ည (၈)နာရီ အထိ ကျင်းပသည် ဆိုသော်လည်း ညနေ၂နာရီမှ ၄နာရီအတွင်း ရံပုံငွေ နိဗ္ဗာန်ဈေး ရောင်းပွဲ ဦးစွာ ကျင်းပသည်ဟု သိရှိရပြီး၊ လူ ၈၅၀ ဆန့်သော ခမ်းမတွင် ယင်းနှင့် နီးစပ်ရာ ပြည်နယ်များ ဖြစ်သော တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ တက္ကဆတ်၊ နယူးယောက်၊ ဖရော်ရီဒါ၊ ပင်ဆယ်ဗေးနီးယား နှင့် ဗာဂျီးနီးယား ပြည်နယ်တို့မှ အပါအဝင် မြောက် ကယ်ရိုလိုင်းနားမှ မြို့ကြီးများဖြစ်သော နယူးဘမ်း၊ ဟိုက်ပွိုင့်၊ ရာလေ၊ ရှားလော့ထ်၊ ဂရင်းဘိုရို တို့မှမြန်မာ မိသားစု ပရိသတ်များ ၆၅၀ကျော် လာရောက် အားပေးသည်ဟု ဆိုသည်။

ယခင် အပါတ်၌ အယ်အေ၌ ပွဲဦးထွက် ကျင်းပခဲ့ပြီး၊ ဆန်ဖရန်စစ်ကိုတွင် ဖျော်ဖြေပြီးသော အခါ ယခု ချက်ပါယ် ဟေးလ် မြို့  ၌ လာရောက် တင်ဆက်ခြင်း ဖြစ်ပြီး၊  နောက်ထပ် ခရီးစဉ်များအဖြစ် အမေရိကန် နိုင်ငံ မြန်မာများ နေထိုင်သော မြို့ကြီးများဖြစ်သည့် ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ အင်ဒီယားနားပြည်နယ် ဖို့ထ်ဝိန်း မြို့များတွင် ဆက်လက်ကျင်းပ သွားဦးမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here