အီရန်နှင့် ဆီးရီးယား တာဝန်ရှိသူများ IAEA ဆွေးနွေးမည်

alt

ကုလသမဂ္ဂ အနုမြူ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) မှ တာဝန်ရှိသူ များသည် စက်တင်ဘာ (၇)ရက် နေ့က ညှိနှိုင်း တွေ့ဆုံမှု တခုပြုလုပ်ပြီး အီရန်၊ ဆီးရီးယား နိုင်ငံများနှင့် ဆွေးနွေး သွားမည်ဟု သိရှိရသည်။

IAEA မှ အဖွဲ့ဝင် (၃၅)နိုင်ငံ တို့သည် လာမည့်ရက် အနည်းငယ် အတွင်း ယူရေနီယမ် ပေါကြွယ်ဝပြီး စစ်ရေး ရည်မှန်းချက် အတွက် အနုမြူ စွမ်းအင်ကို သုတေသန ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည့် အီရန်၊ အနုမြူ စွမ်းအင်ကို စတင် လည်ပတ်ရန် ကြိုးပမ်းနေသဖြင့် (၂၀၀၇) ခုနှစ်က အစ္စရေး တို့က အနုမြူ စက်ရုံအား ဗုံးကြဲခံခဲ့ရသည့် ဆီးရီးယား နိုင်ငံများနှင့် ပွင့်လင်းစွာ ဆွေးနွေးသင့်ကြောင်း ယူဆလျှက် ရှိကြသည်။

အီရန်သည် ၎င်း၏ အနုမြူ စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချမည်ဟု ကြေညာ ထားသော်လည်း အမေရိကန်၊ အစ္စရေးနှင့် အခြား မဟာမိတ် နိုင်ငံများက သံသယကြီးစွာ ထားရှိနေဆဲ ဖြစ်သည်။ ဆီးရီးယား ကမူ ၎င်းတို့သည် အနုမြူ လေ့လာမှုများကို လျှို့ဝှက် ဆောင်ရွက်နေသည် ဆိုသော ဖော်ပြချက်များအား ငြင်းဆန်ထားသည်။

ထိုစဉ် အတောအတွင်း အီရန်သမတ မိုဟာမက် အာမက် ဒီနီဂျက် က အီရန် အစိုးရအနေနှင့် အနုမြူ စီမံကိန်း အပါအဝင် ရည်မှန်းချက် အသီးသီး အတွက် ကမာ္ဘ့ နိုင်ငံများက စိန်ခေါ် တောင်းဆိုလာမှုများအား အင်အားကြီး နိုင်ငံများနှင့် ဆွေးနွေးသွားရန် အသင့် ရှိနေကြောင်း ကြေညာထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here