ဟောင်ကောင်တွင် အက်ဆစ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား

alt

ဟောင်ကောင် နိုင်ငံတွင် အမျိုးသား တဦးက အက်ဆစ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူ(၁၁)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဟောင်ကောင်၏ ကုန်သွယ်မှု အချက်အချာ နေရာတခု ဖြစ်သော မွန်ကော့ခရိုင်တွင် စက်တင်ဘာလ (၆)ရက် နေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု အတွက် လူတဦးကို ရဲက ဖမ်းထားပြီး ထိုသူသည် စုံတွဲတတွဲကို ရည်ရွယ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဟောင်ကောင် ရဲများက ပြောကြားခဲ့သည်။

အက်ဆစ်ဖြင့် တိုက်ခိုက်မှုသည် ထိုဒေသတွင် စတုတ္ထ အကြိမ်မြောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး ရုပ်မြင်သံကြား သတင်း ဌာနများက တိုက်ခိုက်မှုကြောင့် လူအများ ရုတ်ရုတ်သဲသဲ ထွက်ပြေးနေပြီး ရဲများက ထိုနေရာသို့ ပြေးသွားသည့် မြင်ကွင်းအား ရိုက်ကူး ပြသခဲ့သည်။

ရဲများက အက်ဆစ်နှင့် ပက်သူ အမျိုးသားနှင့် ၎င်းတိုက်ခိုက် ခဲ့သော စုံတွဲသည် ထိုဖြစ်ရပ် မတိုင်မီက စကားများ ရန်ဖြစ်ခဲ့ကြောင်း ပြောဆို သွားခဲ့ပြီး၊  South China Morning Post သတင်းစာပါ အချက်အရ   လက်ကိုင်အိတ်များ ရောင်းချသူ တဦးသည် ၎င်းအား အက်ဆစ်နှင့် ပက်သူအား မိမိ၏ ဇနီးနှင့် ဖောက်ပြန် နေသည်ဟု စွပ်စွဲပြီးနောက် ယခုလို အခင်းဖြစ်ပွား လာရခြင်းဟု ထိုသတင်းစာ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

အက်ဆစ်နှင့် ပက်သူ အမည်ကို “ချောင်” ဟုသာ ဖော်ပြထားပြီး ၎င်း၏ အိတ်အတွင်းမှ ပုလင်းတလုံးကို ထုတ်ကာ ဆိုင်ရှင်အား လှမ်းပက် လိုက်ရာမှာ အနီးအနားရှိ ဆိုင်ရှင်ဇနီး အပါအဝင် လူအများကို ထိမှန်ကုန်ပြီး အသားများ လောင်ကျွမ်းကုန်ကြောင်း မျက်မြင်များက South China Morning Post သို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here