ဘာစီလိုနာ အသင်း ပက်ထရစ် ဗီအာရာ ကို ခေါ်ယူဖွယ်ရှိ

alt

ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက် ပြန်ဖွင့်ချိန်တွင် စပိန် နှင့် ဥရောပ ချန်ပီယံ ဘာစီလိုနာ အသင်းသည် အီတလီ ချန်ပီယံ အင်တာမီလန်မှ ကွင်းလယ်လူ ပက်ထရစ် ဗီအာရာကို ခေါ်ယူဖွယ် ရှိနေကြောင်း သိရှိရသည်။

ပြင်သစ် လက်ရွေးစင်ဟောင်း ဗီအာရာသည် အာဆင်နယ် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းကို ပြသ နေခဲ့သဖြင့် ဂျူဗင်းတပ်က ခေါ်ယူခဲ့ပြီး ထိုမှတဆင့် အင်တာသို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။

ဘာစီလိုနာသည် ကွင်းလယ် အဖျက်တွင် ကစားနေသည့် ယာယာတိုရေး နေရာအတွက် ကစားသမား အသစ် တဦးအား အလိုရှိနေပြီး အာဆင်နယ်မှ ဆက်ဖာဘရီဂက် နှင့် လီဗာပူး မှ ဟာဗေးယား မာချေယာနို တို့ကိုလည်း စောင့်ကြည့်လျက် ရှိသည်။

အသက် (၃၃)နှစ် ရှိပြီဖြစ်သော ဗီအာရာသည် အသင်းဟောင်း အာဆင်နယ် သို့ ပြန်ရောက်မည်ဟု သတင်း ထွက်ခဲ့သော်လည်း အင်တာမှ မပြောင်းဘဲ နေခဲ့သူ ဖြစ်သည်။ အင်တာနှင့် ဘာစီလိုနာ တို့သည် ဩဂုတ်လ အပြောင်းအရွှေ့ အတွင်း ကစားသမား အပြန်အလှန် ရောင်းဝယ်၊ လဲလှယ်မှုများ ပြုလုပ်ထားပြီး ရင်းနှီးသည့် ဆက်ဆံရေး တခုကို ထူထောင် ထားနိုင်ခဲ့သည်။

သတင်းများက ဗီအာရာသည် အင်တာတွင် ဆက်နေမည်ဟု ပြောဆို ထားသည့်တိုင် ဥရောပ ချန်ပီယံက ကမ်းလှမ်း ဖိတ်ခေါ်လာပါက ငြင်းဆန်ဖွယ် မရှိကြောင်း ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here