ဂါဘွန် နိုင်ငံတွင် ဆန္ဒပြမှု အဓိကရုဏ်များ ဖြစ်ပွား

alt

ကွယ်လွန် သွားပြီဖြစ်သည့် ဂါဘွန်နိုင်ငံ ခေါင်းဆောင်ဟောင်း၏ သားဖြစ်သူက သမတ ရွေးကောက်ပွဲတွင် မိမိ အောင်မြင်ကြောင်း ကြေညာ လိုက်ပြီးနောက် ဂါဘွန်တွင် ဆန္ဒပြမှု၊ အဓိကရုဏ်းများ ပေါ်ပေါက်လာကြောင်း သိရှိရသည်။

အိုမာဘွန်ဂိုသည် ဇွန်လ အတွင်းက ကွယ်လွန်သွားပြီး ၎င်းသည် အာဖရိက တိုက်မှ လူဦးရေ (၁.၃)သန်းသာ ရှိသော နိုင်ငံငယ်လေးကို (၄၁)နှစ် လုံးလုံး အုပ်ချုပ်သွားသူ ဖြစ်သည်။

အာဖရိက ခေတ်သစ် သမိုင်းတွင် ကာလအကြာဆုံး အုပ်ချုပ်သူ အဖြစ် အာဏာရှင် ဆန်ဆန် ဆောင်ရွက်သွားသော ဖခင်၏ အရိုက်အရာကို သားဖြစ်သူ အလီဘန်ဘွန်ဂိုက ယခုကဲ့သို့ သက်တမ်း ထပ်တိုးရန် ကြိုးစားပြီးနောက် ပြည်သူများက မခံမရပ်နိုင် ဆန္ဒပြကြခြင်း ဖြစ်သည်။

တိုင်းပြည်၏ အခြေအနေကြောင့် ဂါဘွန်နိုင်ငံ အတွင်း စက်တင်ဘာလ (၃)ရက်နေ့မှ စကာ ညမထွက်ရ အမိန့် ထုတ်ပြန် ထားခဲ့သည်။ ဂါဘွန်သည် ရေနံ အပါအဝင် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတခုဖြစ်ပြီး ပြင်သစ် နိုင်ငံပိုင် Total ရေနံ ကုမ္ပဏီကိုလည်း ဆန္ဒပြသူ များက တိုက်ခိုက်ရန် ကြိုးစား ခဲ့သေးသည်။

ပြင်သစ် အစိုးရက မတည်မငြိမ် ဖြစ်နေသော ဂါဘွန် နိုင်ငံအတွင်းမှ မိမိနိုင်ငံသား (၁၀၀၀၀)ကျော်ကို အကာအကွယ်များနှင့် နေထိုင်ရန်၊ လမ်းမများပေါ် မထွက်ကြရန် ညွှန်ကြားထားသည်။ ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာထားသည့် ဘွန်ဂို ကမူ ဂါဘွန် နိုင်ငံရေး အခြေအနေကို တည်ငြိမ်လာအောင် ဆောင်ရွက် သွားမည်ဟု ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here