တာလီဘန် တို့အား နေတိုးတပ်ဖွဲ့ တိုက်ခိုက်

alt

NATO တပ်ဖွဲ့များက တာလီဘန် အကြမ်းဖက် သမားများ ပြန်ပေး ဆွဲထားသည့် ဆီတင်ယာဉ် (၂)စင်းအား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူ(၉၀)ကျော် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။

NATO အဖွဲ့ စစ်တပ်အတွက် ဆီတင်ပေးနေသော ထရပ်ကားကြီး (၂)စင်းအား စက်တင်ဘာလ (၃)ရက် နေ့က နိုင်ငံမြောက်ပိုင်းတွင် စစ်သွေးကြွ များက ကြားဖြတ် ဖမ်းဆီး ထားလိုက်သည်။

ထို့နောက်တွင် NATO တပ်ဖွဲ့က ညသန်းခေါင်ယံ အချိန်တွင် အိုမာခါး ရွာအနီး ရောက်ရှိနေသည့် ဆီတင်ယာဉ်ကြီး (၂)စင်းအား ပြင်းပြင်းထန်ထန် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အရပ်သား (၄၀) အပါအဝင် လူပေါင်း (၉၀)ထက် မနည်း အသက် ဆုံးရှုံးခဲ့ကြောင်း အာဖဂန် အစိုးရက အတည်ပြု ကြေညာခဲ့သည်။

မြစ်ကူးတံတား တစင်းအနီးတွင် NATO လေယာဉ်များက တိုက်ခိုက်ခဲ့ရာ တာလီဘန် တို့က ကားရပ်ပြီး ရွာသားများကို ဆီဝေ ပေးနေချိန်နှင့် ကြုံနေသောကြောင့် ယခုလို အရပ်သားများပါ သေကြေခဲ့ခြင်းဟု ဒေသခံ ရဲတပ်ဖွဲ့က ပြောကြား သွားခဲ့သည်။ သေဆုံးသူများတွင် ကန်ဒက်ခရိုင်မှ တာလီဘန် တပ်ဖွဲ့ အကြီးအကဲ အချို့လည်း ပါ၀င်ဖွယ် ရှိကြောင်း အာဖဂန်မှ လာသော သတင်းများက ဖော်ပြသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here