စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေသည်ဟု မီဂန်ဖော့စ် ထုတ်ဖော်ဝန်ခံ

alt

ဟောလီးဝုဒ် မင်းသမီးချော မီဂန်ဖော့စ် က သူမသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေကြောင်း မဂ္ဂဇင်း အသစ်တခု နှင့် တွေ့ဆုံခန်းတွင် ထုတ်ဖော် ၀န်ခံ လိုက်သည်။

အသက် (၂၃)နှစ်ရှိ Transformers စတား လှပျိုဖြူက သူမ၏ စိတ်သည် မိန်းကလေးများ အပေါ်တွင်သာ ညွတ်ပြောင်း သာယာလေ့ ရှိသည်ဟု ၀န်ခံထားခဲ့ ဖူးသည်။

ယခု တကြိမ်တွင်လည်း သူမသည် မူမမှန်သော စိတ်အတွေးများ ပေါ်ပေါ် လာတတ်ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။ ဖော့စ်က သူမတွင် schizophrenia ခေါ် စိတ် ကစဉ့်ကလျား ဝေဒနာမျိုး စွဲကပ် နေသည်ဟု ယုံကြည်နေမိကြောင်း၊ တခါတရံတွင် သူမသည် မာရီလင် မွန်ရိုး အကြောင်း စာအုပ်များကို ဖတ်ရှုတတ်ပြီး တွေးချင်ရာ တွေးနေ တတ်ကြောင်း ဖော့စ် ကဆိုသည်။

US မဂ္ဂဇင်း အသစ်တခုနှင့် အင်တာဗျူးတွင် ဖော့စ်က ယခုလို ထုတ်ဖော် ပြောဆိုခဲ့သလို Transformers ဇာတ်ကားမှ ဒါရိုက်တာ ဖြစ်သူ မိုက်ကယ်ဘေး အားလည်း တခါတရံတွင် အရည်မရ၊ အဖတ်မရ ကိစ္စများ ပြုလုပ် တတ်သူဟု စွပ်စွဲ ဝေဖန် လိုက်သေးသည်။

ဘေးသည် မိမိကိုယ်ကိုယ် နပိုလီယန်ဟု အထင် ရောက်နေကြောင်း၊ မဖြစ်နိုင်သည် များကို အတင်း ဖန်တီးရန် ကြိုးစားလေ့ရှိပြီး သွေးနားထင် ရောက်နေသူဟု စွပ်စွဲလိုက်ကာ၊ သူမနှင့် မင်းသား ရှိုင်းလီဘော့ တို့သည် ဘေး ညွှန်ကြားသည့် အတိုင်း လိုက်လုပ်ရသည့် အတွက် သေလုမတတ် ပင်ပန်းမိကြောင်း ဖော့စ်က ထိုမဂ္ဂဇင်းတွင် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here