အီရန်နိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီး ရွေးချယ်ခန့်အပ်

alt

အီရန်နိုင်ငံ သမတ အာမက် ဒီနီဂျက်၏ အစိုးရ အဖွဲ့တွင် ပထမဆုံး အမျိုးသမီး တဦးကို ၀န်ကြီးအဖြစ် ရွေးချယ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အာမက်ဒီနီဂျက်က အစ္စလာမ် ဘာသာအရ အမျိုးသမီး အခွင့်အရေးကို ချိုးနှိမ်ထားမှုကို လျစ်လျူကာ မာဇီ ဗာဟစ် ဒက်ဂျာဒီ အား ကျန်းမာရေး ၀န်ကြီးအဖြစ် ခန့်အပ် လိုက်သည်။

သူမသည် အာမက် ဒီနီဂျက်က ၀န်ကြီး နေရာများအတွက် အဆိုပြုထားသည့် အမျိုးသမီး (၃)ဦး အနက်မှ (၁)ဦး ဖြစ်သည်။ အခြားသော ပညာရေးနှင့် ပြန်လည် ထူထောင်ရေး ၀န်ကြီးနေရာ အတွက် အဆိုပြုထားသည့် အမျိုးသမီးများ မှာမူ ပယ်ချ ခံခဲ့ရသည်။

အာမက် ဒီနီဂျက်၏ အစိုးရ အဖွဲ့တွင် အာဂျင်တီးနား အစိုးရက ဂျူးစင်တာ တခုအား (၁၉၉၄)ခုနှစ်က ဗုံးခွဲခဲ့သည့် အတွက် အလိုရှိနေသူ တဦးမှာ ကာကွယ်ရေး ၀န်ကြီးအဖြစ် ပါ၀င်ဖူးသည်။

အာမက် ဒီနီဂျက်သည် ဇွန်လအတွင်းက ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာပြီးနောက် နိုင်ငံသမိုင်း တလျှောက် အင်အား အကြီးမားဆုံး လူထု ဆန္ဒပြပွဲကြီး တခုနှင့် ကြံုခဲ့ ရသေးသည်။

မာဇီဗာအား ပထမဆုံး အမျိုးသမီး ၀န်ကြီးအဖြစ် ခန့်အပ်ရန် အာမက် ဒီနီဂျက်၏ စီမံမှုကိုလည်း မနှစ်ခြိုက်သူ အတော်များများ ရှိနေသေးကြောင်း သိရှိရသည်။ အာမက် ဒီနီဂျက်သည် အမတ်နေရာ (၂၉၀) ပါ၀င်သော လွှတ်တော်ကို ပြန်လည် ဖွဲ့စည်းရန် အချိန်(၃)လ အထိ ယူခဲ့ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here