အာဖဂန်နစ္စတန်မှ နိုင်ငံတကာ တပ်များ ပြန်လည် ဆုတ်ခွာမည် မဟုတ်သေး

alt

အာဖဂန်နစ္စတန် နိုင်ငံအတွင်း အပြည့်အဝ လုံခြံုမှု မရသေးသ၍ နိုင်ငံတကာ တပ်များ ပြန်လည် ဆုတ်ခွာမည် မဟုတ်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး ဘားနတ် ကော့ချ်နာ က ပြောကြား လိုက်သည်။

၎င်းသည် အာဖဂန်နိုင်ငံနှင့် ပတ်သက်သော ပြင်သစ် အစိုးရ၏ သဘောထား အတွက် ယခုလို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ကူချနာသည် စက်တင်ဘာလ (၂)ရက်နေ့က ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တခုအတွင်း မိမိ တို့အနေနှင့် ထိုတိုင်းပြည်မှာ အေးချမ်း သာယာနေပြီဟု သေသေချာချာ ယုံကြည်မှသာ အာဖဂန်မှ ဆုတ်ခွာမည်ဟု ပြောဆို သွားခဲ့သည်။

အာဖဂန်တွင် နိုင်ငံတကာ တပ်များအား တာလီဘန်တို့က တုန့်ပြန် တိုက်ခိုက်ခြင်း များသည် ယခုလပိုင်းများ အတွင်း မြင့်တက်လာနေပြီး စက်တင်ဘာလ (၂)ရက် နေ့က အသေခံ ဗုံးခွဲမှု တခုအတွင်း အာဖဂန် ထောက်လှမ်းရေးဌာန ဒုတိယအကြီး အကဲပါ သေဆုံး သွားခဲ့သည်။

အာဖဂန် နိုင်ငံသည် လက်တလောတွင် ဩဂုတ်လ (၂၀)ရက် နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ မဲများကို ရေတွက်နေဆဲ ဖြစ်ပြီး စက်တင်ဘာလ (၁၇)ရက် နေ့ထိ ရွေးကောက်ပွဲ အနိုင်ရသူကို ကြေညာရန် မသေချာသေးပေ။ သတင်းများအရ လက်ရှိသမတ ဟာမစ်ကာဇိုင်းသည် မဲ အရေအတွက် စာရင်းတွင် ထိပ်ဆုံးနေရာမှ ဦးဆောင်လျှက် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here