မက္ကစီကို မူးယစ်ဆေး ဖြတ်စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား

alt

မက္ကစီကိုနိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာလ (၂)ရက်နေ့ အတွင်း သေနတ်သမား များက မူးယစ် ဆေးဝါးဖြတ်သည့် စခန်းတခုကို ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူ(၁၈)ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

El Aliviane မူးယစ်ဆေးဝါး ဖြတ်စင်တာ၏ နံရံများကို အတင်းချိုးဖျက် ၀င်လာသည့် သေနတ်သမား များက မြင်မြင်သမျှ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ ရဲဌာနမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဆီဒက်ဂျာရက် တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွင်း အနည်းဆုံး လ ူ(၅)ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ဆီဒက်ဂျာရက် သည် မက္ကစီကို၏ ရာဇဝတ်မှု အထူပြောဆုံး မြို့ဖြစ်ပြီး ယခုနှစ် အတွင်း ရာဇဝတ် မှုခင်းများကြောင့် လူပေါင်း (၁၄၀၀)ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

အာဏာပိုင်များက ပစ်ခတ်မှုနှင့် ပတ်သက်သည့် လတ်တလော အကြောင်းအချက် များကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးဘဲ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ မက္ကစီကို အစိုးရသည် နိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ဂိုဏ်းများကို နှိမ်နင်းရန် နှစ်စဉ် ရံပုံငွေ အမြောက်အမြား သုံးစွဲနေသော်လည်း နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှု၊ လူသတ်မှု များသည် မူးယစ် ဂိုဏ်းကြီးများနှင့် ဆက်နွယ်ပြီး ပေါ်ပေါက်နေခြင်း ဖြစ်ကာ ထိုအခြေအနေကို ထိန်းသိမ်းရန် ခက်ခဲနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here