လူဖြူ မျိုးနွယ်များ ပေါ်ပေါက်ခဲ့မှု နှစ်ပေါင်း ငါးထောင်ကျော်ပြီဟု ဆို

alt

ကမာ္ဘပေါ်တွင် လူဖြူ မျိုးနွယ်များ စတင် ပေါ်ပေါက်လာသည်မှာ လွန်ခဲ့သော နှစ်ပေါင်း (၅၅၀၀)ခန့် ကမှ ဖြစ်နိုင်ကြောင်း ပညာရှင် များက ယုံကြည် နေကြသည်။

နော်ဝေးနိုင်ငံ၊ အော်စလို တက္ကသိုလ်မှ ပညာရှင်များသည် လူဖြူ မျိုးနွယ်များ စတင်ပျံ့နှံ့ ပေါ်ပေါက် လာသောဒေသသည် အင်္ဂလန်မှ ဖြစ်နိုင်သည်ဟု ယူဆနေပြီး လယ်ယာ စိုက်ပျိုးခြင်း အတတ် ထွန်းကားလာမှုသည် လူဖြူများ ကမာ္ဘပေါ်တွင် စတင် ပေါက်ဖွားလာခြင်း၏ အဓိကကျသော အကြောင်းရင်းဟု ခန့်မှန်းလျှက် ရှိကြသည်။

လယ်ယာ စိုက်ပျိုးရာမှ ရရှိလာသော အစားအသောက် များသည် ဗီတာမင်D ကို လျော့နည်းစေပြီး အရေပြားရှိ အရောင်ခြယ် ဒြပ်ထုများကို လျှော့ချ ပစ်လိုက်သဖြင့် အစားအသောက် ပုံစံ ပြောင်းလဲသလို အရေပြား အရောင်များပါ ပြောင်းလဲသွားခြင်းဟု မိမိတို့ ယူဆကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ယခု ဖော်ပြချက်အရ ရှေးခေတ် လူသားများသည် နက်မှောင် ညိုမောင်းသော အသားအရောင်များသာ ရှိခဲ့ပြီး စားသောက်ပုံ စနစ် ပြောင်းလဲမှုက လူဖြူများကို ဖြစ်ထွန်း လာစေသည်ဟု သုံးသပ်ရမည် ဖြစ်သည်။ နယူးယောက်ရှိ ရစ်ချတ်စတီလို ဆိုသူ သုတေသီ တဦးကလည်း ထိုအယူအဆကို ထောက်ခံခဲ့ပြီး အေးသော ရာသီဥတုနှင့် လတ္တီကျုဒီဂရီ မြင့်မားသော အခြေအနေက အသားဖြူ လာခြင်းအား ပိုမိုလျှင်မြန်ရန် တွန်းအား ပေးခဲ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့်လည်း လွန်ခဲ့သော နှစ်ပေါင်း(၅၂၀၀)မှ (၅၅၀၀)အကြား စိုက်ပျိုးမှုစနစ် စတင် ထွန်းကားခဲ့ချိန်တွင် အင်္ဂလန်နှင့် စကန်ဒီနေးဗီးယန်း ဒေသများအတွင်း လူဖြူများ ပေါက်ဖွားလာသည် ဆိုသော အယူအဆမှာ ယျေဘူယျ ကျကြောင်း ဗြိတိန်နိုင်ငံ၊ ရူပဗေဒဆိုင်ရာ ပညာရေးဌာနများ အကြီးအကဲ ဂျိုဟန်မိုအန်း ကလည်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here