နယူးဂျာစီ Apple စတိုးဆိုင် ဖောက်ထွင်းခံရ

alt

နယူးဂျာစီရှိ Apple စတိုးဆိုင် တခုကို သူခိုးများက ဖောက်ထွင်း ပြီးနောက် Mac ကွန်ပျူတာနှင့် iPod များကို ဖေါက်ထွင်း ခိုးယူ သွားကြောင်း သိရှိ ရသည်။

စက်တင်ဘာလ (၃)ရက်နေ့ နံနက် အစောပိုင်းက မျက်နှာဖုံးစွပ် လူ (၅)ဦးသည် စတိုးဆိုင် အတွင်း ဖောက်ထွင်းကာ ပစ္စည်းများ သယ်သွား ကြသည်ကို (၃၁) စက္ကန့်ကြာ မှတ်တမ်းတင် ဗီဒီယို ရိုက်ထား လိုက်နိုင်သည်။

သူခိုးများ လက်သို့ MacBook ကွန်ပျူတာ (၂၃)လုံး နှင့် iPhone (၁၄)လုံး၊ iPod Touch (၉)လုံး ပါသွားခဲ့သည်။ နံနက် စောစောပိုင်း (၂)နာရီတွင် သူခိုးများသည် စတိုး အတွင်းသို့ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ပြီး စားပွဲပေါ်တွင် ပြသ ထားသမျှ ပစ္စည်းများကို သိမ်းကျံုး ယူငင်ကာ လွတ်မြောက် သွားခြင်းဖြစ်သည်။

သတင်းများ အရ အခိုး ခံလိုက်ရသော ပစ္စည်းများ၏ တန်ဖိုးသည် ဒေါ်လာ သောင်းဂဏန်းမှသည် သိန်းဂဏန်း ၀န်းကျင်အထိ ကျသင့်ဖွယ် ရှိကြောင်း သိရသည်။ ရဲတပ်ဖွဲ့ ကမူ အနက်ရောင် ဆွယ်တာ ၀တ်ဆင်ထားခဲ့သူ (၂)ဦး ပါ၀င်သည့် အမျိုးသား (၅)ဦးအား ရှာဖွေရန် ကြိုးစားလျှက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here