ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသော ကေအိုင်အို ထိပ်သီးများ ရာထူးမှ ဖယ်ရှားခံရ

alt

ယခု သတ္တပတ်များ အတွင်း အပစ် အခတ် ရပ်စဲထားသော ကိုးကန့် ဒေသတွင် သေနတ်ပေါက်သံ မြည် လာပြီး နောက် နယ်စပ်ဒေသ များတွင် စစ်အစိုးရ စစ်တပ်များ၊ ငြိမ်းချမ်းရေး

ဒေသများတွင် စစ်ပြင်လာသော စစ်ရေး လှုပ်ရှားမှုများ အထူး တိုးမြှင့် လုပ်ဆောင် လာသည်ကို တွေ့ရှိ ရသည်။

ထို့နောက် စက်တင်ဘာလ (၂)ရက် နေ့ကလည်း ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ၏ ထိပ်သီးအရာရှိ ၆ဦး ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းများ ထပ်မံ ထွက်ပေါ်  လာခဲ့သေးသည်။

လိုင်ဇာ အခြေပြု ကေအိုင်အို ထိပ်သီးပိုင်း ရာထူးမှ ဖယ်ရှားခြင်း ခံရသော အရာရှိများမှာ ကေအိုင်အို နံပါတ်၂ ရာထူး ရယူထားသော ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ၊ ဒုတိယ အထွေထွေ အတွင်းရေးမှူး အင်ဂျာနော်ရစ်၊ ဒူကဘာ မှုန်ခေါင်၊ ဒူကဘာ ပေါင်ရှီဇော်ဖန်း၊ ဒူကဘာ နှုတ်လဲ့ ၊ ဆလန်ကဘာ ဇဘော် ကရန် တို့ ဖြစ်ကြသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ ဗိုလ်မှူးချုပ် ဆွန်လွတ် ဂွမ်မော်က Kachin State Progressive Party (KSPP) ကချင်ပြည်နယ် တိုးတက်ရေးပါတီ အနေနဲ့ ၂၀၁၀ မှာ စစ်အစိုးရ ဦးစီး ကျင်းပတဲ့ ရွေးကောက်ပွဲဝင်မှာ ဖြစ်တဲ့အတွက် အခုလို ဒီအဖွဲ့ ရာထူးက နှုတ်ထွက်တာလို့ ပြောဆိုပေမဲ့၊  ” မြန်မာ စစ်အစိုးရ အလိုကျ ယိမ်းလွန်းတဲ့ ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေ လုပ်ဆောင်မှုဟာ ပြည်သူတွေကို ကေအိုင်အိုဟာ ကိုယ်စားပြု မလား၊ စစ် အစိုးရဖက်များ ယိမ်းလွန်း သွားမလား၊ စောင့်ကြည့် ရဦးမယ် ” လို့ မြစ်ကြီးနား၊ ဒူကထောင် ရပ်ကွက်က အမည် မဖေါ်လိုတဲ့ ကချင် တက္ကသိုလ် ကျောင်းသားတဦးက လူထုအသံအား ယခုလို သုံးသပ် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here