HIV ပိုးရှိသူအား AIDS မဖြစ်အောင် တားဆီး နိုင်လာဖွယ်ရှိ

alt

HIV ရောဂါပိုး ကူးစက်ခံရသူ တဦးအား AIDS ရောဂါ တိုးမြှင့် မဖြစ်စေရအောင် တားဆီး ထိန်းချုပ်ပေးသည့် သဘာဝ Antibody နှစ်မျိုးကို ပညာရှင်များက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ယခု တွေ့ရှိချက်သည် AIDS ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှု ကြိုးပမ်းချက်များ အတွက် အရေးပါသော ခြေလှမ်း တခုလည်း ဖြစ်လာသည်။ အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ဒေသ၊ လာဂျိုလီ ရှိ Scripps သုတေသန ဌာနက PG9 နှင့် PG16 ဟု အမည်ပေးထားသော Antibody နှစ်မျိုးကို တွေ့ရှိခဲ့ကြောင်း၊ ထို Antibody များသည် HIV ရောဂါပိုးအား AIDS ရောဂါ ဖြစ်ပေါ်အောင် ကူညီ တွန်းအားပေးသည့် gp120 နှင့် gp41 မော်လီကျူးများကို အားလျော့ ချိနဲ့သွားစေကြောင်း ကြေညာခဲ့သည်။

၎င်းတို့သည် ဩစတြေးလျ၊ ထိုင်း နှင့် အာဖရိကနိုင်ငံ အချို့တို့မှ HIV ပိုးရှိသူ (၁၈၀၀)ခန့်အား လေ့လာခဲ့ရာ အာဖရိကတိုက်သား တဦးထံတွင် အဆိုပါ Antibody နှစ်မျိုးအား ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု Antibody များကို ပွားများလာအောင် မွေးမြူနိုင်ခဲ့ပါက AIDS ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး အလွန် နီးစပ်လာနိုင်ကြောင်း ပညာရှင်များက ယူဆနေကြပြီ ဖြစ်သည်။

လူ၏ ခုခံအားကို ဖျက်ဆီးလိုက်သော AIDS သည် ကုရာနတ္ထိ၊ ဆေးမရှိသော ရောဂါကြီးအဖြစ် ရပ်တည်နေပြီး ကမာ္ဘတဝှမ်းမှ လူပေါင်း (၃၃)သန်း ကျော်သို့ ပျံ့နှံ့ကူးစက်လျှက် ရှိကာ လူပေါင်း (၂၅)သန်းကျော်ကို သေကြေစေခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here