ဗြိတိန်မိဘများ သားသမီး အုပ်ထိန်းမှု အညံ့ဆုံး ဖြစ်ဟုဆို

alt

ဗြိတိန်မှ မိဘများသည် သားသမီးကို အုပ်ထိန်းရာတွင် အနောက်နိုင်ငံ အသီးသီးရှိ မိဘများအနက် အညံ့ဆုံး ဖြစ်ကြောင်း သိရှိရသည်။

ကမာ္ဘ့ အနောက်ခြမ်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံ (၃၀)အနက် သားသမီး များ၏ ကျန်းမာရေး၊ လူနေမှုစနစ်၊ ကျောင်း ပညာရေး တို့အပေါ် မိဘများ၏ အာရုံစိုက် လွှမ်းမိုးမှုကို လေ့လာ ထားသော စစ်တမ်းတခုတွင် ဗြိတိန်က အခြေအနေ အဆိုးဆုံး အဖြစ် ရပ်တည် နေသည်။

အထူးသဖြင့် ဗြိတိန် ဆယ်ကျော်သက် များသည် ဆေးလိပ်၊ အရက်တို့ကို လက်တည့်စမ်းမှု အလွန်များနေပြီး မိဘ အစုံအလင် မရှိသော လူငယ်များသည် အခြေအနေ ပိုဆိုးကြောင်း သိရှိရသည်။

ဗြိတန်ရှိ အသက် (၁၅)နှစ်မှ (၁၉)နှစ်ကြား လူငယ် (၁၀)ဦးတွင် (၁)ဦးမှာ ကျောင်း မတက်ကြ ကြောင်းလည်း သိရှိရသည်။ ထို့အပြင် ဆယ်ကျော်သက် မိန်းကလေးများ ကိုယ်ဝန် ရှိမှုတွင်လည်း ဗြိတိန်သည် တူရကီနှင့် မက္ကစီကို တို့ထက် အခြေအနေ ပိုဆိုးကာ ထိပ်ဆုံးနေရာမှ ရပ်တည်နေသည်။

ပညာရေး တွင်လည်း ဗြိတိန်သည် အဆိုးဆုံး နံပါတ်(၄) ချိတ်ပြီး ၎င်း၏ အထက်တွင် အီတလီ၊ တူရကီနှင့် မက္ကစီကိုတို့သာ ကျန်တော့သည်။

ယခု ရလဒ်များသည် လူငယ်များကို အခြေပြု စံသတ် မှတ်ထားခြင်း ဖြစ်ပြီး မိဘများ၏ အုပ်ထိန်းမှု ပျော့ညံ့ခြင်းက အထက်ပါ ပြဿနာ များကို ဖြစ်စေခဲ့ကြောင်း ယခု စစ်တမ်းကို ကောက်ခံခဲ့သည့် စီးပွားရေး တိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီးက သတိပေး ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here