ချယ်ရီခိုးလ် အား L’Oreal ကြော်ငြာ မော်ဒယ်လ် အဖြစ် မြင်တွေ့ရမည်

alt

Girls Aloud အမျိုးသမီး အဆိုတော် အဖွဲ့မှ ဗြိတိန်သူ အလှမယ် ချယ်ရီခိုးလ် အား L’Oreal အလှကုန် လုပ်ငန်းက မော်ဒယ်လ်အဖြစ် ဆောင်ရွက်ပေးရန် စာချုပ်လိုက်ပြီ ဖြစ်သည်။

အသက် (၂၆)နှစ်ရှိ ချယ်ရီက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် အခြေစိုက် အလှကုန် လုပ်ငန်းကြီး အတွက် မော်ဒယ်လ်လုပ်ခွင့် ရသည့်အပေါ် ကျေနပ်ကြောင်းနှင့် မိမိသည် ယခင် ကတည်းက L’Oreal ကို နှစ်သက်ခဲ့ကြောင်း ပြောဆို သွားခဲ့သည်။

ချယ်ရီသည် ဗြိတိန်၏ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး တဦးအဖြစ် သတ်မှတ် ခံထားရပြီး အင်္ဂလန် လက်ရွေးစင် ဘောလုံးသမား အက်ရှ်လေခိုးလ် နှင့် လက်ထပ်ထားသူ ဖြစ်သည်။

သဘောတူ စာချုပ်အရ L’Oreal ၏ ဆံပင်လိမ်းဆေး Elvive Full Restore 5 အတွက် ပထမဆုံး ကြော်ငြာဓာတ်ပုံကို ချယ်ရီ အနေနှင့် ယခုလအတွင်း စရိုက် ပေးသွားမည် ဖြစ်သည်။

L’Oreal မှ တာဝန်ရှိသူ ဂါလီတေး ကလည်း ချယ်ရီကဲ့သို့ ချစ်စရာကောင်းပြီး ပရိသတ် အားပေးထောက်ခံမှုကို အပြည့်အဝ ရရှိထားသည့် မိန်းမလှလေး တဦးနှင့် အလုပ် တွဲလုပ်ရသည့် အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ချယ်ရီနှင့် စာချုပ်နိုင်ခဲ့ခြင်းက ဗြိတိန်ဈေးကွက်ကို ထိုးဖောက်ရာတွင် ပိုမို အောင်မြင် လာစေမည်ဟု ယုံကြည်ထားကြောင်း ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here