မျက်ရည်အစား သွေးများ ထွက်နေသည့် အမေရိကန် ဆယ်ကျော်သက်

alt

အမေရိကန် နိုင်ငံ၊ တင်နက်ဆီမှ ဆယ်ကျော်သက် လူငယ် တဦးသည် ၎င်း၏ မျက်လုံးမှ မျက်ရည်အစား သွေးများ ထွက်နေသည်ကို မကုသ ပေးနိုင်သည့် အတွက် ဆရာဝန်များအား ပြစ်တင် ပြောကြားလိုက်သည်။

ကယ်ဗီနို အင်မန်သည် အသက် (၁၅)နှစ် ရှိပြီဖြစ်ပြီး နေ့စဉ်နေ့တိုင်း မျက်လုံးအိမ်မှ သွေးများစီးကျမှုကို တနာရီကြာမျှစီ ကြံုရလေ့ ရှိနေသူ ဖြစ်သည်။

ဆရာဝန် များသည် ကယ်ဗီနို၏ အခြေအနေ အတွက် ခေါင်းခဲလျှက် ရှိပြီး ရောဂါ၏ ဇစ်မြစ်ကိုလည်း အဖြေရှာရန် ခက်ခဲနေကြောင်း သိရှိရသည်။ ဆရာဝန် များက ယခု ရောဂါသည် သွေးမျက်ရည်ဟု အဓိပ္ပါယ် ဖွင့်ဆိုရမည့် Haemolacria ခေါ် အခြေအနေဟု ယာယီ ကင်ပွန်းတပ် ထားကြသည်။

ယခု ရောဂါ၏ ရင်းမြစ်မှာ အခြေအနေ အမျိုးမျိုးတွင် ဖြစ်နိုင်ပြီး တိတိကျကျ ဖော်ထုတ်နိုင်ရန် ခက်ခဲကြောင်း သိရှိရသည်။ ကယ်ဗီနိုက ယခုကဲ့သို့ နေ့စဉ်နေ့တိုင်း ဖြစ်ပျက် နေသည်ကို စိတ်ဓာတ် ကျလှပြီဖြစ်ကြောင်း ညည်းတွား ပြောဆို သွားရှာသည်။

၎င်း၏မိခင် တမ်မီ ကလည်း သားဖြစ်သူ၏ ဒုက္ခအား ကူညီ ကယ်တင် ပေးနိုင်သူ တဦးဦး ပေါ်ပေါက်လာရန် မျှော်လင့် ဆုတောင်း မိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here