မိုက်ကယ်ဂျက်ဆင် အား မြုပ်နှံလိုက်ပြီ

alt

မိုက်ကယ် ဂျက်ဆင် အား စက်တင်ဘာ လ (၃)ရက် နေ့က သေပြီး ရက်ပေါင်း ရ၀ အကြာတွင် အပြီးသတ် မြှုပ်နှံ လိုက်ပြီ ဖြစ်သည်။

အသက် (၅၀) အရွယ်တွင် ဆုံးပါး ခဲ့ရသည့် Pop ဂီတ ဘုရင်ကြီးအား မြေချပွဲ အခမ်းအနားကို လော့စ် အိန်ဂျယ် လိစ် ရှိ Forest Lawn သင်္ချိုင်းတွင် ထိုနေ့ ညနေပိုင်း ၆နာရီခွဲ ကျော်ကျော်က ပြုလုပ်ခဲ့ရာ အထူး ဖိတ်ကြားထားသော ဧည့်သည် (၂၀၀) ၀န်းကျင် ခန့်သာ တက်ရောက် ခဲ့ကြသည်။

ထို သင်္ချိုင်းသည် ကလက်ကေဘယ်၊ ဟမ်ဖရီဘိုးဂရတ်၊ ဝေါ့ဒစ်စနီ နှင့် နတ်ကင်းကိုးလ် တို့ကဲ့သို့ ကမာ္ဘကျော်များကို မြှုပ်နှံထားရာ နေရာလည်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင် များသည် ဈာပန အခမ်းအနားအတွင်း နှောင့်ယှက်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် လုံခြံုရေး တင်းကြပ် ထားသော်လည်း အေးချမ်းစွာ ပြီးဆုံး သွားခဲ့သည်။

ဂျက်ဆင်၏ ရွှေရောင် ခေါင်းတလားကြီးအား စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် အုတ်ဂူထဲတွင် မြှုပ်နှံလိုက်ကြောင်း ကြေညာသော်လည်း ထိုနေရာသို့ သတင်းသမားများ နှင့် ပရိသတ်များ သွားရောက်ခွင့် မရခဲ့ဘဲ မိသားစုဝင်များ၊ အရင်းနှီးဆုံး မိတ်ဆွေများသာ ရောက်ရှိခဲ့သည်။

ရဲတပ်ဖွဲ့ ကမူ လုံခြံုရေး အတွက် ရဟတ်ယာဉ်များ ကိုပင် အသုံးပြုခဲ့သော်လည်း အခြေအနေ အေးဆေး တည်ငြိမ်ပြီး မည်သည့် ပရိသတ်မျှ ပြဿနာ မရှာခဲ့ကြောင်း ကြေညာထားသည် ကို သိရှိရသည်။ ဂျက်ဆင်သည် ဇွန်လ (၂၅)ရက်နေ့ ကတည်းက ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး ကိုမာ ၀င်ရာမှ ကွယ်လွန်ခဲ့သော်လည်း သေမှုသေခင်း စစ်ဆေးမှုများ အပါအဝင် ကိစ္စ အထွေထွေကြောင့် (၂)လကျော် ကြာမှ မြှုပ်နှံနိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here