မြောက်ကိုရီးယားတွင် ပလူတိုနီယမ်များ ပိုင်ဆိုင်ရန် နီးစပ်နေပြီ

alt

မြောက်ကိုရီးယား အစိုးရက ၎င်းတို့သည် အနုမြူ လက်နက်များ ထုတ်လုပ် နိုင်လောက်အောင် သန့်စင်ထားသည့် ပလူတိုနီယမ်များ ပိုင်ဆိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း ကြေညာ လိုက်သည်။

အာဏာရှင် ကွန်မြူနစ် ပါတီ၏ လက်အောက်တွင် ကျရောက် နေသော နိုင်ငံက ယင်းတို့၏ ပလူတိုနီယမ် သန့်စင်မှု နည်းပညာမှာ နောက်ဆုံး အဆင့်ထိ ရောက်ရှိနေပြီဟု ဆိုသည်။

ထို အခြေအနေတွင် မိမိတို့အား ညှိနှိုင်း ဆွေးနွေးမှုနှင့် ပိတ်ပင်မှု နည်းလမ်း (၂)မျိုးအနက် ကြိုက်ရာကို ရွေးချယ်နိုင်ကြောင်း ကုလသမဂ္ဂ လုံခြံုရေး ကောင်စီသို့ မြောက်ကိုရီးယား အစိုးရပိုင် KNCA သတင်းဌာနက ပေးပို့ခဲ့သော ဖော်ပြချက်တွင် ပါရှိသည်။

ထို အခြေအနေသည် မြောက်ကိုရီးယားအား တားမြစ်မှုများ ပြုလုပ်နေသည့် အမေရိကန် အစိုးရ နှင့် မြောက်ကိုရီးယား၏ ဒေသတွင်း ပြိုင်ဘက်များ ဖြစ်သော တောင်ကိုရီးယား၊ ဂျပန် စသော နိုင်ငံများကို ခေါင်းခဲစေခဲ့ရပြီ ဖြစ်သည်။

လေ့လာသူ များက မြောက်ကိုရီးယား၏ ကြေညာချက်သည် ခြိမ်းခြောက်မှု အရိပ်အယောင်များ ယှက်သန်း နေကြောင်း သုံးသပ်လျှက် ရှိကြသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လပိုင်းအတွင်း အမေရိကန် သတင်းထောက် နှစ်ဦးကို ဖမ်းဆီးထားရာမှ ပြန်လွှတ် ပေးခဲ့သလို တောင်ကိုရီးယား နိုင်ငံသား အကျဉ်းသား အတော်များများ ကိုလည်း တိုင်းပြည်ပြန်ခွင့် ပေးခဲ့သော လုပ်ရပ်များ အရ ညှိနှိုင်းမှုကို ပိုမိုလိုလား နေဖွယ်ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here