လာဇီယို ကို ပြန်သွားလိုဟု မန်ယူတိုက် စစ်မှူး မာချေဒါ ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဖက်ဒရေကို မာချေဒါ က ၎င်းသည် တချိန်ချိန်တွင် လာဇီယိုသို့ ပြန်သွားရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ၀န်ခံ လိုက်သည်။

အသက် (၁၈)နှစ်ရှိ အီတလီ တိုက်စစ်မှူးလေးအား ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က လာဇီယို လူငယ်အသင်းမှ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ် ပရီးမီးယား လိဂ် ချန်ပီယံဖြစ်ရေး အလွန် အရေးပါသည့်ပွဲ (၂)ပွဲတွင် မာချီဒါက ဆန်းဒါးလန်းနှင့် အက်စတွန်ဗီလာ တို့အား တဂိုးစီ သွင်းပေးကာ အနိုင်ရလဒ်ကို ဆောင်ကြဉ်း ပေးပြီးနောက် အင်္ဂလန် ပရိသတ်တို့ အကြား အလွန် နာမည်ကြီး လာခဲ့ရသူ ဖြစ်သည်။

လက်ရှိအချိန်တွင် မိမိသည် ယူနို်က်တက်တွင် ပျော်ရွှင် နေသော်လည်း လာဇီယိုမှာ မိမိ၏ နှလုံးသားကို မြှုပ်နှံထားသည့် နေရာဖြစ်ကြောင်း မာချီဒါက ပြောကြား ခဲ့သည်။ ယူနိုက်တက်သည် (၂၀၀၇) ခုနှစ် ကတည်းက မာချီဒါ အသက် (၁၆)နှစ် အရွယ်တွင် လာဇီယို လူငယ်အသင်းမှ အရ ခေါ်ယူနိုင်ခဲ့ပြီး ထိုကိစ္စ အတွက် လာဇီယို နှင့် ယူနိုက်တက် အကြား အချင်းများမှု အချို့  ရှိခဲ့သေးသည်ဟု ဘောလုံးလောက အတွင်း သတင်းများက ဆိုသည်။

တနေ့ နေ့တွင် မိမိသည် အီတလီသို့ ပြန်မည်ဖြစ်ကြောင်း၊ အီတလီ ဘောလုံး လောကတွင် ထူးထူးချွန်ချွန် ခြေစွမ်းပြ လိုသေးကြောင်း ရောမမြို့ သားလေး မာချီဒါက Sky Sports သို့ ပြောကြားခဲ့သည်။ ထို့အပြင် မာချီဒါက ယူနိုက်တက် နှင့်အတူ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး ရယူလိုသည့် ဆန္ဒမှာ အလွန်ပြင်းပြ နေမိကြောင်းလည်း ထုတ်ဖော ်ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here