အင်တာမီလန် အသင်း အနာဂတ်တွင် မက်ဆီအား ခေါ်ယူနိုင်ရန် မျှော်လင့်

alt

အနာဂတ် ကာလတွင် လီယွန်နယ် မက်ဆီ အား ပိုင်ဆိုင်ခွင့် ရရေး မျှော်လင့် ထားကြောင်း အင်တာမီလန် ကလပ်က ကြေညာ လိုက်သည်။

အသက် (၂၁)နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးအား အီတလီ ချန်ပီယံ အသင်းက စိတ်ဝင်စား နေသော်လည်း ဘာစီလိုနာ က ၎င်းတို့၏ အဖိုးတန် ကစားသမားလေး အား စာချုပ် သက်တမ်း တိုးရန် ထပ်မံ ပြင်ဆင်နေပြီ ဖြစ်သည်။

စက်တင်ဘာလ (၃)ရက် နေ့က စပိန် သတင်းများတွင် ဖော်ပြမှုအရ ဘာစီလိုနာသည် မက်ဆီအား (၂၀၁၆)ခုနှစ် အထိ စာချုပ်ရန် ပြင်ဆင်နေပြီး ၎င်းအား လိုချင်သည့် အသင်းသည် ယူရိုသန်း (၂၅၀)ပေးရမည် ဆိုသော အချက်ကို စာချုပ်အတွင်း ထည့်သွင်းရန် ပြင်ဆင်လျှက် ရှိသည်။

သို့သော်လည်း အီတလီ သတင်းဌာနများက အာဂျင်တီးနား ကစားသမားများကို အခြေပြု တည်ဆောက်လေ့ရှိသော အင်တာမီလန်သည် မက်ဆီအား နိုင်ငံအသင်း ကစားဖော်များနှင့် လာရောက် ပူးပေါင်းရန် ဆွဲဆောင် နိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် အင်တာဥက္ကဌ မက်ဆီမို မိုရာတီသည် မက်ဆီ၏ဖခင် ဂျော့နှင့် ညှိနှိုင်းကာ တိုက်စစ်မှူးလေးအား သွေးဆောင် သိမ်းသွင်းရန် ကြံစည်နေကြောင်း အီတလီ သတင်းများက ဖော်ပြခဲ့သည်။

အင်တာနှင့် ဘာစီလိုနာ တို့သည် ဆမ်မြူရယ်အီတူး၊ ဇလာတန် အီဗရာမိုဗစ်တို့ကို အပြန်အလှန် အလဲအထပ် ပြုလုပ်ခြင်း အပါအဝင် ကစားသမား အရွှေ့အပြောင်းများ ဆောင်ရွက် နိုင်ခဲ့ပြီးနောက် ရင်းနှီးသော ဆက်ဆံရေး တရပ် တည်ရှိနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here