တရုတ် “အပ်” အရေးအခင်း အတွက် ရဲတပ်ဖွဲ့များ အူရမ်ကွီတွင် တပ်စွဲ

alt

စက်တင်ဘာလ (၃)ရက် နေ့က လက်နက် အပြည့်အစုံ တပ်ဆင် ထားသော တရုတ် ရဲတပ်ဖွဲ့ဝင် များသည် အနောက်ပိုင်း ဇင်ဂျင်း ခရိုင်ရှိ အူရမ်ကွီမြို့ တွင် ၀င်ရောက်တပ်စွဲ နေရာ ယူထားကြောင်း သိရှိရသည်။

အူရမ်ကွီ မြို့လယ်တွင် ဟန်လူမျိုး တရုတ်များ စုရုံးကာ ဆန္ဒပြနေခြင်း အား ဟန့်တားရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ အတွင်းက လူ(၂၀၀)ခန့် သေဆုံး ခဲ့ရသည့် လူမျိုးရေး အဓိကရုဏ်း များအား မကျေနပ်နိုင် သဖြင့် လူ(၂၀၀၀) ခန့်က ယခုလို ဆန္ဒပြ ကြခြင်း ဖြစ်သည်။

စက်တင်ဘာလ (၁)ရက် နေ့က စတင်သော ဆန္ဒပြမှု များကြောင့် ဟန်နှင့် အူဂါများ အကြား တကျော့ပြန် ဆက်ဆံရေး တင်းမာလာပြီး သွေးထွက် သံယို တိုက်ခိုက်မှုများ ဖြစ်မလာခင် ရဲများက ကြားဝင်လာရခြင်း ဖြစ်သည်။

ဇူလိုင်လ တိုက်ခိုက်မှုများ အတွင်း ဟန် တရုတ်လူမျိုး (၅၀၀)ခန့်မှာ အူဂါတို့၏ ဓားဖြင့်ထိုးမှုများ ခံခဲ့ကြရပြီး၊ ရဲတပ်ဖွဲ့က အဓိကရုဏ်းများ ပြီးဆုံးချိန်တွင် ဓားထိုးမှုနှင့် ပတ်သက်သည်ဟု ယူဆရသူ အူဂါ(၁၅)ဦးအား ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် (၄)ဦးကို အစိုးရ ရှေ့နေများက တရားစွဲခဲ့သည်။

သို့သော်လည်း ဟန် လူမျိုးများက မကျေနပ် နိုင်သဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။  ယခု နောက်ဆုံး ဖြစ်ရပ်မှာ အမည်မသိ လူများက ဟန်လူမျိုး ၅၀၀ခန့်အား အပ်များဖြင့် လိုက်လံ ထိုးနှံသဖြင့် ယမန်နေ့က ဆေးထိုးအပ်ဖြင့် လိုက်လံ ထိုးနှံသူဟု သံသယရှိသူ ၁၅ဦးအား ဖမ်းဆီးထားပြီ ဖြစ်သည်ဟု ဆင်ဝှါ သတင်းက ဆိုသည်။

သို့သော်လည်း မြို့လယ်ရင်ပြင် အပါအဝင် အချက်အခြာ နေရာများကို ရဲတပ်ဖွဲ့က စနစ်တကျ ထိန်းချုပ်ပြီးနောက် စက်တင်ဘာလ (၄)ရက် နေ့တွင် အခြေအနေ ပြန်လည်အေးဆေး ငြိမ်သက်နေကြောင်း မြို့ခံလူထုက BBC သတင်းဌာနသို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here