MS Word ရောင်းချခွင့် ရပ်ဆိုင်းမှု စီရင်ချက် ယာယီရွှေ့ဆိုင်း

alt

လာမည့်လ အတွင်း အမေရိကန်တွင် MS Word ရောင်းချခွင့် ရပ်ဆိုင်း ရမည်ဟူသော စီရင်ချက်ကို အမေရိကန် ပြည်နယ် တရားရုံး တခုက ယာယီ ရွှေ့ဆိုင်း ပေးထားသဖြင့် Microsoft အတွက် အသက်ရှူ ချောင်စရာ ဖြစ်ခဲ့ရသည်။

Microsoft ၏ အယူခံကို တရားရုံးက လက်ခံခဲ့ပြီးနောက် MS Word 2003 နှင့် MS Word 2007 တို့မှာ အမေရိကန် နိုင်ငံအတွင်း ဆက်လက် ရောင်းချခွင့် ရရှိနေဦးမည် ဖြစ်သည်။

Microsoft သည် ကနေဒါ ကုမ္ပဏီ i4i မှ နည်းပညာ တခုကို ၎င်း၏ MS Word အတွင်း ထည့်သွင်း အသုံးပြု ထားသည့် အတွက် i4i သို့ ဒေါ်လာသန်း (၂၉၀) လျော်ကြေး ပေးဆောင်ရန် နှင့် နှစ်လအတွင်း MS Word အား အမေရိကန် အတွင်း အရောင်းရပ်ရန် ဩဂုတ်လ အတွင်းက အမိန့်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ထိုစဉ် ကတည်းက Microsoft က အယူခံဝင်ရန် ဆုံးဖြတ် ထားကြောင်း ကြေညာခဲ့ပြီး အယူခံ ၀င်ရာတွင်လည်း အောင်မြင်မှု ရရှိခဲ့သည်။ တရားရုံးက Microsoft ရော၊ i4i ပါ စက်တင်ဘာလ (၂၃)ရက် နေ့တွင် ထပ်မံ စုဆောင်းထားသည့် အချက်အလက်များကို တင်သွင်းရန် ရက်ချိန်း သတ်မှတ် ပေးခဲ့ပြီ ဖြစ်သည်။

ထိုနေ့တွင် Microsoft ၏ အပြီးသတ် လျှောက်လှဲချက်ကို ကြားနာ ရမည်ဖြစ်ကြောင်း တရားရေး ၀န်ကြီးဌာနက အတည်ပြု ပြောဆိုသည်။ ယခု ကိစ္စနှင့် ပတ်သက်ပြီး i4i ကမူ တစုံတရာ မှတ်ချက် မပေးသေး ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here