ကုလ အတွင်းရေးမှူးချုပ် အာတိတ် စက်ဝိုင်းသို့ ရောက်ရှိ

alt

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း သည် အာတိတ် စက်ဝိုင်းသို့ အလည်အပတ် ရောက်ရှိ နေပြီး ကမာ္ဘကြီး ပူနွေးလာမှုကြောင့် သဘာဝ ၀န်းကျင် ပြောင်းလဲလာခြင်း

အား လေ့လာရန် ရည်ရွယ်ပြင်ဆင် နေကြောင်း သိရှိရသည်။

မစ္စတာဘန် သည် ဩဂုတ်လ (၃၁) ရက်နေ့ ကတည်းက နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ မှတဆင့် နိုင်ငံပိုင် ရေခဲခွဲ သင်္ဘော တစင်းဖြင့် ထွက်ခွာသွားပြီး စက်တင်ဘာ (၃)ရက် နေ့တွင် မြောက်ဝင်ရိုးစွန်း နှင့် ကီလိုမီတာ (၁၂၀၀)မျှသာ ကွာဝေးသော နေရာသို့ ရောက်ရှိ နေခဲ့သည်။

မစ္စတာဘန်သည် အာတိတ်ဒေသရှိ သိပ္ပံပညာရှင် များထံ သွားရောက် လည်ပတ်ခဲ့ သလို ရေခဲများ လျင်မြန်စွာ အရည်ပျော်နေမှုနှင့် ပတ်သက်ပြီး သိပ္ပံဆိုင်ရာ နောက်ဆုံး တွေ့ရှိချက်များကို မေးမြန်း စုံစမ်းခဲ့သည်။

မစ္စတာဘန်က အာတိတ် ဒေသတွင် ရေခဲများသည် မျက်မြင် အခြေအနေ မှာပင် စိုးရိမ်ဖွယ်ကောင်းသော ပမာဏမျှဖြင့် လျင်မြန်စွာ အရည်ပျော်နေကြောင်း ၀န်ခံခဲ့သည်။ မစ္စတာဘန်သည် အာတိတ်ဒေသမှ တဆင့် ပေးပို့ခဲ့သော သတင်းအတွင်း ၎င်းအနေနှင့် ကမာ္ဘ့ပြည်သူ တရပ်လုံးအား အာတိတ် စက်ဝိုင်းမှနေ၍ သတင်းအမှာ စကားပါးလို ပါကြောင်း၊ လက်ရှိ နိုင်ငံ့ ခေါင်းဆောင်များ အနေနှင့် ကမာ္ဘ့ ရာသီဥတု ပူနွေးလာမှုအား အရေးပေါ် အာရုံစိုက်မှုမျိုး ဆောင်ရွက် သင့်နေပြီဖြစ်ပြီး ကမာ္ဘမြေကို ထိန်းသိမ်း သင့်ပါကြောင်း၊ ထို အခြေအနေတွင် ကမာ္ဘသူ၊ ကမာ္ဘသား အားလုံး စုစည်း ညီညာစွာ ပါ၀င် စေလိုကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here