Gmail ရပ်ဆိုင်း သွားခဲ့သဖြင့် သုံးစွဲသူ သန်းပေါင်းများစွာ အခက်တွေ့

alt

စက်တင်ဘာလ (၁)ရက် နေ့က နည်းပညာ ဆိုင်ရာ ချွတ်ယွင်းမှု အချို့ကြောင့် Gmail လုပ်ဆောင်မှုများ တနာရီ ကျော်မျှ ရပ်ဆိုင်း သွားခဲ့ရာ ကမာ္ဘတဝှမ်းမှ Gmail အသုံးပြုသူ

သန်းပေါင်းများစွာ အခက်ကြံု ခဲ့ရ ကြောင်း သိရှိရသည်။

ကမာ္ဘအနှံ့ရှိ ဒေသ အတော်များများတွင် (၁) နာရီနှင့် (၄၅)မိနစ် တိုင်တိုင် Gmail သုံးမရဘဲ ဖြစ်သွားခဲ့ပြီး နောက်ပိုင်းတွင် Google က အဆိုပါ ပြဿနာအား ပြန်လည် ပြုပြင် ပေးခဲ့သည်။

အင်္ဂလန်၊ အီတလီ၊ စင်္ကာပူနှင့် တောင်အာဖရိက နိုင်ငံများက ၎င်းတို့ဆီတွင် Gmail အသုံးပြု၍ မရတော့ဘဲ ဖြစ်သွားခဲ့ကြောင်း အတည်ပြု ခဲ့သည်။ Gmail သည် Google ၏ အခမဲ့ Email စနစ်ဖြစ်ပြီး ကမာ္ဘပေါ်တွင် အအောင်မြင်ဆုံး၊ လူကြိုက် အများဆုံး Email စနစ် တခုလည်း ဖြစ်သည်။

ဇွန်လထိ ကောက်ခံထားသော စစ်တမ်းများအရ ကမာ္ဘတဝှမ်း Gmail သုံးစွဲသူ အရေအတွက်သည် (၁၄၉)သန်း အထိရှိပြီး ကမာ္ဘပေါ်တွင် တတိယ လူသုံးအများဆုံး အခမဲ့ Mail စနစ်အဖြစ် ရပ်တည်နေသည်။ Gmail ၏ရှေ့တွင် Microsoft နှင့် Yahoo တို့၏ Mail စနစ်များက နေရာ ယူထားသော်လည်း Gmail သုံးစွဲသူ အရေအတွက်မှာ အလွန်လျင်မြန်စွာ တိုးပွားလာနေကြောင်း သိရှိရသည်။

Gmail သည် တကမာ္ဘလုံး သုံးစွဲသူ အရေအတွက် အလွန် များပြားနေသော်လည်း နည်းပညာပိုင်း ချွတ်ယွင်းမှုမှာ ဖြစ်ခဲကြောင်း သိရှိရသည်။ သို့သော်လည်း ယခု သီတင်းပါတ် အတွင်းမှာပင် အဆိုပါ ပြဿနာမျိုး တကြိမ် ကြံုခဲ့သေးပြီး စက်တင်ဘာလ (၃၁)ရက် နေ့ကလည်း Gmail သုံးစွဲနိုင်မှု ခေတ္တ ပြတ်တောက် ခဲ့သေးသော်လည်း အချိန် သိပ်မကြာ လိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here