A/H1N1 တုပ်ကွေး ထောက်လှမ်းသည့် Application iPhone တွင် ထည့်သွင်း နိုင်တော့မည်

alt

Apple ၏ နာမည်ကျော် iPhone တွင် ထည့်သွင်း အသုံးပြု နိုင်သည့် Application တမျိုးသည် မိမိအနီးတွင် A/H1N1 တုပ်ကွေး ရောဂါသည် ရှိမရှိကို ထောက်လှမ်း သိရှိစေရန် ကူညီနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Outbreaks Near Me အမည်ရှိ Application သည် ဘော်စတွန် ကလေး ဆေးရုံ၊ မီဒီယာ ဓာတ်ခွဲခန်း တွင် တီထွင်ပြီးနောက် ပေါ်ထွက် လာခဲ့ပြီး နည်းပညာ ပိုင်းတွင် မင်ဆာချူးဆက် နည်းပညာဌာနက အကူအညီ ပေးခဲ့ခြင်း ဖြစ်သည်။

Google ကလည်း ပါ၀င် ကူညီထားသော ယင်း Application သည် အနီး ၀န်းကျင်တွင် H1N1 တုပ်ကွေးကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပေါ်နေသူများ ရှိမရှိကို အချိန်နှင့် တပြေးညီ အာရုံခံ သတင်းပေးပို့ နိုင်စွမ်းရှိသည်။

ယခုအခါ အဆိုပါ Application ကို iTune စတိုးတွင် အခမဲ့ ရယူနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ Outbreaks Near Me သည် အင်တာနက် ရင်းမြစ် Health Map နှင့် ချိတ်ဆက်ပြီး iPhone ကိုင်ဆောင်သူ ရောက်ရှိနေသော နေရာ၊ ရောဂါဖြစ်ပွားမှု သမိုင်းကြောင်းနှင့် လက်ရှိ အနေအထားတွင် သတိထားရမည့် ပြဿနာ တို့ကို သတင်းပေးပို့ သွားမည်ဖြစ်ကြောင်း ဘော်စတွန် ကလေးဆေးရုံမှ ပညာရှင်များက သတင်းစာ ရှင်းလင်းပွဲ တခုအတွင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here